နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Bose က Sport Open Earbudsကိုကြေညာ

ဇန်နဝါရီ ၈


Bose က Sport Open Earbudsကိုကြေညာလာပြီး အဆိုပါနားကြပ်တွင် နားမှာချိတ်နိုင်သည့် Clip ပါဝင်သလိုဆူညံ သည့် မည်သည့်ပတ်ဝန်းကျင်မှာမဆိုအရည်အသွေးမြင့် အသံနားထောင်နိုင်မည့် အသံအရည်အသွေးပါဝင်သည်။ သို့သော်ပတ်ဝန်းကျင်အသံကိုလည်းကြားနိုင်အောင် လုပ်ဆောင်ထားသည်။

Bose ကယင်းစနစ်အတွက် OpenAudio Technology သုံးထားပြီးပတ်ဝန်းကျင်အသံကိုလည်းကြား နိုင်အောင် ထည့်သွင်းထားခြင်းဖြစ်သည်။စပီကာများကိုဖရိန်မှာထည့်သွင်းထားပြီး နားသို့ တိုက်ရိုက် အသံပို့ သည့်စနစ် သုံးထားသည်။

နားကြပ်တစ်ဖက်စီ၏ အလေးချိန်က၁၄ ဂရမ်သာရှိပြီးအရှည် ၅၅မီလီမီတာနှင့် အကျယ် ၄၈ မီလီမီတာရှိသည်။ In-Call Noise Reductionစနစ်လည်းပါဝင်ကာဖုန်းပြောဆိုသည့်အခါ ကြည်လင်သော အသံကိုကြားစေနိုင်မည်ဖြစ်သည်။

Bluetooth 5.1 ဖြင့် စမတ်ဖုန်းများနှင့် ချိတ်ဆက်သုံးနိုင်မည်ဖြစ်ပြီး Controls စနစ်များလည်းပါဝင်သည်။ သီချင်းနားထောင်မှုကို ၈နာရီအထိပြုလုပ်နိုင်ပြီး IPX4 ချွေးဒဏ်၊ ရေဒဏ် ခံနိုင်ကာဈေးနှုန်းအနေဖြင့် ၁၉၉ ဒေါ်လာ သတ်မှတ်ထားကြောင်းသိရသည်။                                                                                     (သူရိန်)






အခြားဆက်စပ်သတင်းများ