နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Qualcomm က 4000 Series 5G Chipset အဖြစ် Snapdragon 480 ကိုကြေညာ

ဇန်နဝါရီ ၇


Qualcomm ကတန်ဖိုးသင့် 5G စမတ်ဖုန်းများအတွက် Snapdragon 480 Chipset သစ်ကိုကြေညာ လာပြီဖြစ်သည်။

Snapdragon 480 Chipset ကို 8nm Chipset ဖြင့် တည်ဆောက်ထားပြီး Snapdragon X51 Modem ပါဝင်ပြီး mmWave နှင့် Sub-6 GHz Networks တို့ ထောက်ပံ့ထားသည်။

Snapdragon 480 မှာ 2GHz Octa-core Kryo 460 ၊ Adreno 619 GPU ပါဝင်ပြီး ကျောဘက်ကင်မရာ 64MP အထိထောက်ပံ့ထားသလိုဗီဒီယိုရိုက်ကူးမှုကို 1080p@60fps ဖြင့် ရိုက်ကူးမှုလည်းထောက်ပံ့ထားသည်။

ထို့အပြင် Wi-Fi 6 ၊ Bluetooth 5.1 ပါဝင်သလို Quick Charge 4+ ထောက်ပံ့ထားသည်။ Snapdragon 480 ကိုယခုနှစ်ထွက် တန်ဖိုးသင့် 5G စမတ်ဖုန်းအမြောက်အမြားတို့မှာမြင်တွေ့လာရန်ရှိနေသည်။      (သူရိန်)






အခြားဆက်စပ်သတင်းများ