နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Korea Food Festival 2020 ပွဲတော်ကျင်းပ

Korea Food festival 2020 ပွဲတော်ကို GMD Global Co., Ltd သည် ကိုရီးယားနိုင်ငံမှ တင်သွင်း၊ ရောင်းချသော နှစ်နိုင်ငံအသိအမှတ်ပြု လက်မှတ်ရသည့် စားသောက်ကုန်များကို မြန်မာနိုင်ငံအတွင်း တင်သွင်း ရောင်းချနေမှုနှင့် နောက်ထပ်လည်း မြန်မာနိုင်ငံမှာ မရှိသေးသည့် ကိုရီးယားစားသောက်ကုန်များ၊ သစ်သီးဝလံများကို တင်ပို့ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း အဆိုပါ အခမ်းအနားမှ သိရသည်။ ယနေ့ပွဲတွင် ကိုရီးယားစားသောက်ကုန်များကို တင်သွင်းရောင်းချ လျက်ရှိသော GMD Global Co., Ltd နှင့် ကိုရီးယားစိုက်ပျိုးရေးနှင့် ငါး လုပ်ငန်း ဖြန့်ဖြူးရေးကော်ပိုရေးရှင်း (AT) တို့မှ သန့်ရှင်းလတ်ဆတ်သော မှို၊ Snack ၊ ကိုရီးယားငရုတ်အနှစ်၊ တော့ပိုကီ၊ မုန့်ဖတ်ခြောက်၊ ငါးသေတ္တာဘူးများစသည့် ကုန်ပစ္စည်းများ ခင်းကျင်းပြသထားကြောင်း သိရသည်။ ယနေ့ကျင်းပပြုလုပ်သော Korea Food Festival 2020 ပွဲ (Feb 28th 2020) မှ (March 27th 2020) အထိ တစ်လတိတိ GMP Mall များဖြစ် ကြတဲ့ စံရိပ်ငြိမ် ဂမုန်းပွင့်၊ ကမ္ဘာအေး ဂမုန်းပွင့်၊ မြေနီကုန်း ဂမုန်းပွင့်၊ သိမ်ကြီးဈေး ဂမုန်းပွင့်၊ ဗိုလ်ကလေးဈေးဂမုန်းပွင့်၊ ဆိုင်(၅) ဆိုင်တွင် Korea Food Festival နာမည်ဖြင့် ဆက်လက်၍ တစ်လတိတိပရိုမိုးရှင်း များပြုလုပ်သွားမည်ဖြစ်သည်။ ယနေ့ပွဲသို့ တက်ရောက်ချီးမြှင့်ပေးကြ သော လူကြီးများမှာ GMD Group ရဲ့ CEO Mr. Ha Tae Sungi ကိုရီးယား စိုက်ပျိုးရေးနှင့် ငါးလုပ်ငန်းဖြန့်ဖြူးရေး ကော်ပိုရေးရှင်း Korea (AT) ရန်ကုန်ရုံးခွဲတာဝန်ခံ Ms. Choi၊ မြန်မာ Korea Association ဥက္ကဋ္ဌ Korea Shinhan Bank မှ တာဝန်ရှိသူများ ၊ GMD Group ရဲ့ CEO (U Nay Lin Oo), GMP Mall (Mr. Yostaton) တို့နှင့် အဆိုတော် ပိုပိုဟေသာ၊ သရုပ် ဆောင် ကောင်းမြတ်စံ တို့ကလည်း တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။ ကိုရီးယားအစားအသောက်ကြိုက်နှစ်သက်သောသူများအနေဖြင့် ဂမုန်းပွင့် Market များ၏ မည်သည့်ဆိုင်ခွဲတိုင်းတွင်မဆို ဝယ်ယူရရှိနိုင်မည် ဖြစ်ပြီး၊ GMD Global မှ CEO Mr,Choi Sol မှ အဆိုပါ Promotion တို့မှ တစ်ဆင့်မြန်မာ့စားသုံးသူများထံသို့ ကိုရီးယားစားသောက်ကုန်များရောင်း ချပေးသည်ကို အတိုင်းမသိ ဝမ်းသာပီတိဖြစ်ရပါကြောင်း ပြောသည်။ AMH (မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ