နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကလောမြို့နယ်နှင့် နောင်ချိုမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြား များ ဖမ်းဆီးရမိ

ကလော၊ ဇန်နဝါရီ  ၂

   ဇန်နဝါရီ ၁ ရက်၊ နံနက် ၂ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလောမြို့နယ်၊ နန်းတိုင်းကျေးရွာအုပ်စု၊ နန်းတိုင်းကျေးရွာအနီး၊ နန်းတိုင်း-ရွာသစ်ကုန်း ကျေးရွာသွားလမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ ထွန်းရီ နှင့် ကျော်အောင် တို့  ၂ ဦးအား ရှာဖွေရာ ၎င်းတို့ ၂ ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် ထွန်းရီ(၃၀)နှစ်၊ ကျော်အောင်(၂၄)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ဒီဇင်ဘာ  ၃၁ ရက်၊ ညနေ ၅ နာရီ ၄၀ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ်၊ မူဆယ်-မန္တလေးသွားကားလမ်း၊ မိုင်တိုင် အမှတ်(၈၀/၄)တွင် စိုင်းကျော်ထွန်း(ခ)ရှမ်းလေး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ၎င်းဆိုင်ကယ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၅၀ ပြား သိမ်းဆည်းရမိ ခဲ့သဖြင့် စိုင်းကျော်ထွန်း(ခ)ရှမ်းလေး(၂၁)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။
ဆွေဦး






အခြားဆက်စပ်သတင်းများ