နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျောင်းကုန်းမြို့တွင် လောင်းကြေးငွေ ငါးသောင်းကျော်နှင့်အတူ အမျိုးသမီးဖဲဝိုင်းဖမ်းဆီးရမိ

ကျောင်းကုန်း ဇန်နဝါရီ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ကျောင်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်တွင် ဇန်နဝါရီ ၁ ရက် မွန်းလွဲပိုင်းက အမျိုးသမီးဖဲဝိုင်းအား ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှာ ကျောင်းကုန်းမြို့မရဲစခန်းက နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် မြတ်စိုးနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များ၊ ရာအိမ်မှူး(၃)ဦးနှင့်အတူသတင်းအရ သွားရောက်စစ်ဆေးရာ အိမ်ရှင်မဝင်းရွှေ၏နေအိမ်ဖိနပ်ချွတ်ဘေး မြေကွက် လပ်ပေါ်တွင် အလျား(၉)ပေ၊အနံ(၇)ပေ ရှိအစိမ်းရောင်မိုးကာအခင်းပေါ်၌ အမျိုးသမီး(၅)ဦးတို့သည် အပြာရောင် ဖဲချပ်ဖြင့်လောင်းကြေးငွေ ငါးသောင်းကျော်နှင့်အတူ လောင်းကစားပြုလုပ်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် ကျောင်းကုန်းမြို့မရဲစခန်းမှ (ပ)၁/၂၀၂၁လောင်းကစားဥပဒေပုဒ်မ ၁၆(က)/၁၇(က)တို့ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက် ထားကြောင်း မြို့မရဲစခန်းကသိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ