နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကာရေဘီယံဒေသသို့ ခရီးသွားခဲ့သည့် ကနေဒါဝန်ကြီးတစ်ဦး ရာထူးမှနုတ်ထွက်

အော့တဝါ   ဇန်နဝါရီ  ၁


ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် အွန်တာရီယိုပြည်နယ် ပိတ်ဆို့ခံထားရသော်လည်း ကာရေဘီယံဒေသသို့ ခရီးသွားခဲ့သည့် ဘဏ္ဍာရေးဝန်ကြီးမှာ ရာထူးမှနုတ်ထွက်သွားပြီဖြစ်ကြောင်း အွန်တာရီယိုပြည်နယ်ဝန်ကြီးချုပ် ဒေါက်ဖို့ဒ်က ပြောသည်။ ကနေဒါနိုင်ငံ၏ လူဦးရေအထူထပ်ဆုံးဖြစ်သည့် အွန်တာရီယိုပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်မှုများ စံချိန်တင်မြင့်တက်လျက်ရှိရာ မဖြစ်မနေ မလိုအပ်ဘဲ ခရီးမသွားကြရန် တိုက်တွန်းထားသည်။ 

Progressive Conservative ပါတီဝင်တစ်ဦးဖြစ်သည့် ရော့ဖီးလစ်မှာ ဒီဇင်ဘာလ ၁၃ ရက်တွင် ကိုယ်ရေးကိုယ်တာကိစ္စကြောင့် စိန့်ဘတ်မြို့သို့သွားရောက်ခဲ့ပြီး ပြီးခဲ့သည့်ကြာသပတေးနေ့နံနက်ပိုင်းတွင် အွန်တာရီယိုပြည်နယ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ အွန်တာရီယိုပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ရော့ဒ်ဖီးလစ်က အဆိုပါလုပ်ရပ်အတွက်တောင်းပန်ခဲ့ပြီး စိန့်ဘတ်မြို့သို့ ခရီးသွားခဲ့ခြင်းမှာ မိုက်မဲသည့် မှားယွင်းမှု ဖြစ်သည်ဟု ဆိုသည်။ ယင်း၏အစိုးရအဖွဲ့မှာ မြင့်မားသည့် စံသတ်မှတ်ချက်ကို ကိုယ်တိုင်ဂရုတစိုက် လိုက်နာနေကြောင်း  ရော့ဖီးလစ် ရာထူးမှ နုတ်ထွက်ခဲ့သည့်ဖြစ်ရပ်ကဖော်ပြနေသည်ဟု ပြည်နယ်ဝန်ကြီးချုပ် ဒေါက်ဖို့ဒ်က ပြောသည်။                                                                                                            (KNT)






အခြားဆက်စပ်သတင်းများ