နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Vivo X60 နှင့် X60 Pro စမတ်ဖုန်းနှစ်မျိုးကို ကြေညာ

ရန်ကုန်   ဇန်နဝါရီ    ၁


Vivo က စမတ်ဖုန်းသစ်နှစ်မျိုးဖြစ်သည့် Vivo X60 နှင့် X60 Pro တို့ကိုကြေညာလာပြီဖြစ်ပြီး အဆိုပါ ဖုန်းနှစ်မျိုးလုံးမှာ ၆ ဒသမ ၅၆ လက်မ 2376x1080p E3 AMOLED သုံးထားပြီး HDR10+ နှင့် 120Hz Refresh Rate ထောက်ပံ့ထားသည်။ 5nm Exynos 1080 Chipset နှင့်ပါဝါထောက်ပံ့ထားပြီး Android 11 အခြေပြုOriginOS 1.0 သုံးထားသည်။

Vivo X60 Pro မှာအဓိကကင်မရာက 48MP f/1.5 (Sony IMX598) ဖြစ်ပြီး 4-Axis OIS ပါဝင်သည်။ ဒုတိယကင်မရာက ၁၂၀ဒီဂရီမြင်ကွင်းကျယ် ရိုက်ကူးနိုင်သည့် 13MP Ultrawide ဖြစ်ပြီး Macro ဓာတ်ပုံများ လည်းရိုက်ကူးနိုင်သည်။ တတိယကင်မရာက 12MP 5x 50mm Tele ဖြစ်ပြီး စတုတ္ထကင်မရာက 8MP f/3.4 5x Optical Zoom ဖြစ်သည်။

Vivo X60 Pro ကို RAM12GB/256GB တစ်မျိုးတည်းသာရွေးချယ်နိုင်ပြီး ဘက်ထရီ 4200 mAh ပါဝင်ကာ 33W Fast Charging ဖြင့် အားသွင်းနိုင်မည်ဖြစ်သည်။

Vivo X60 မှာ ကင်မရာများက 48MP + 13MP 2x + 13MP 2x Tele Tele + 13MP Ultrawide ဖြစ်ပြီး ဘက်ထရီ 4300 mAh ပါဝင်ကာ 8/128GB နှင့် 8/256GB တို့ဖြင့် ရွေးချယ်နိုင်မည်ဖြစ်သည်။

Vivo X60 ၏ 128GB ဗားရှင်းကိုယူရို ၄၃၀၊ 256GB ဗားရှင်းကိုယူရို ၄၇၀ နှင့် X60 Pro ကိုယူရို ၅၆၀ သတ်မှတ်ထားသည်။ အဆိုပါဖုန်းနှစ်မျိုးလုံးကို ကြိုတင်အမှာပြုလုပ်နိုင်ပြီဖြစ်ပြီး ဇန်နဝါရီ ၈ ရက်တွင် စတင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။                (သူရိန်)






အခြားဆက်စပ်သတင်းများ