နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရွှေဘိုမြို့တွင် ငွေကျပ် ၁၈၂၂ ဒသမ ၅ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများနှင့် စိတ်ကြွရူးသွပ်ဆေးပြားအကြေမှုန့်များ ဖမ်းဆီးရမိ

ရွှေဘို၊ ဇန်နဝါရီ ၁


 ဒီဇင်ဘာ ၃၀ ရက်၊ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန် ရွှေဘိုမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ ရန်ကြီးအောင်လမ်း၊  သက္ကယ်တန်းချောင်းတံတားထိပ်တွင် ဟိန်းထက် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ဆိုင်ကယ်ရှေ့ခွကြားရှိ ခြင်းအတွင်းမှ  စိတ်ကြွရူးသွပ်ဆေးပြား ၃၄,၄၅၀ ပြား၊ စိတ်ကြွရူးသွပ်ဆေးပြား အကျိုးအကြေအမှုန့် ၀  ဒသမ ၂ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ဟိန်းထက်(၂၉)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါး များဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။ 

ဒီဇင်ဘာ ၃၀ ရက်၊ ညနေ ၄ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ သည် နောင်ချိုမြို့နယ်၊ မူဆယ်-မန္တလေးသွားကားလမ်း၊ မိုင်တိုင်အမှတ်(၈၀/၄)တွင် မြင့်လွင် မောင်းနှင် လာသော မော်တော်ဆိုင်ကယ်နှင့် ရှေ့ပြေးအဖြစ် ဇော်မင်းထွန်းမောင်းနှင်ပြီး မောင်မောင်လိုက်ပါလာသော မော်တော်ဆိုင်ကယ်တို့ကို ရပ်တန့်ရှာဖွေရာ မြင့်လွင် လွယ်ထားသော ကျောပိုးအိတ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၁၂,၆၀၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် မြင့်လွင်(၃၃)နှစ်၊ ဇော်မင်းထွန်း (၃၆)နှစ်၊ မောင်မောင်(၂၃)နှစ် တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ