နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗိုလ်တထောင်မြို့နယ်တွင် ဆိုင်ကယ်ဖြင့် ပိုက်ဆံအိတ် လုယူသူ ၂ ဦး အချိန်တိုအတွင်း ဖမ်းဆီးရမိ

ရန်ကုန်၊ ဒီဇင်ဘာ ၃၁


 ဒီဇင်ဘာ ၃၀ ရက်၊ နံနက် ၆ နာရီခွဲအချိန်တွင် တရားလို ဦး----သည် ကမ်းနားလမ်းအတိုင်း ၅၄ လမ်းဘက်မှ ၅၃-လမ်းဘက်သို့ လမ်းလျှောက်လာစဉ် အမည်မသိအမျိုးသားနှစ်ဦး ဆိုင်ကယ်ဖြင့် မောင်းနှင်လိုက်ပါလာပြီး ဆိုင်ကယ်နောက်ထိုင်လိုက်ပါလာသူက ၎င်း၏ဝဲလက် အတွင်းမှ I Phone 12 Pro Max တစ်လုံး၊ Samsung Note 20 တစ်လုံး၊ ငွေစက္ကူ(၁)သိန်းကျပ်နှင့် TOYOTA RUSH ကားသော့တစ်ချောင်းပါ ပိုက်ဆံအိတ်အား လုယူထွက်ပြေးသွားကြောင်း တိုင်တန်းမှုဖြစ်ပါသည်။

 အမှုမှ တရားခံဖမ်းဆီးရမိရေး အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အုပ်ချုပ်မှုဌာနခွဲမှ ဒုရဲအုပ် ဗိုလ်ဗိုလ်၊ အရှေ့ပိုင်းခရိုင် မှုခင်းနှိမ်နင်းရေးဌာနစုမှ ရဲအုပ် မျိုးမင်းထွန်း ဦးစီးအဖွဲ့၊ နယ်ထိန်းအရာရှိ ရဲအုပ် ကျော်မိုးငြိမ်းနှင့်အဖွဲ့တို့ ပူးပေါင်း၍ ပြစ်မှုကျူးလွန်သူအား လိုက်လံပိတ်ဆို့ရှာဖွေဖမ်းဆီးရာ ထိုနေ့ မွန်းလွဲ ၁ နာရီအချိန်တွင် စလင်းအား ဒုဌဝတီ(၄)လမ်း၊ (၆၇)ရပ်ကွက်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်မှလည်းကောင်း၊ မွန်းလွဲ ၂ နာရီခွဲအချိန်တွင် ဇော်မင်းထွန်း(ခ)ဖိုးတုတ်အား ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာလမ်းဆုံမှလည်းကောင်း ဖမ်းဆီးရမိခဲ့ပါသည်။

 ဖမ်းဆီးရမိသူ စလင်းနှင့် ဇော်မင်းထွန်း(ခ)ဖိုးတုတ်တို့ ၂ ဦးကို စစ်ဆေးရာ သက်သေခံပစ္စည်း ဖုန်း ၂ လုံး အား သာကေတမြို့နယ်နေ ဒေါ်ခင်ခင်ထွေးထံ ပေါင်နှံထားကြောင်း ထွက်ဆိုချက်အရ ပြန်လည်သိမ်းဆည်း ရရှိပြီးဖြစ်၍ ၎င်းတို့ ၂ ဦးအား ဥပဒေနှင့်အညီ အမြန်တရားစွဲ တင်ပို့နိုင်ရေးနှင့် ပြစ်မှုကျူးလွန်စဉ် အသုံးပြုသည့်ဆိုင်ကယ်မှာ လိုင်စင်မဲ့ဆိုင်ကယ်ဖြစ်၍ ပို့ကုန်/ သွင်းကုန်ဥပဒေဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီးတွင် ဆိုင်ကယ်မစီးရသတ်မှတ်ထားသည့် မြို့နယ်အတွင်း ဆိုင်ကယ်စီးနင်းအသုံးပြုသည့်အတွက် မော်တော်ယာဉ်ဥပဒေဖြင့်လည်းကောင်း ဆက်လက်အရေးယူရန် ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ