နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မင်္ဂလာဒုံမြို့နယ်နှင့် လှိုင်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရန်ကုန်၊ ဒီဇင်ဘာ ၃၁


 ဒီဇင်ဘာ ၂၉ ရက်၊ မွန်းလွဲ ၁ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်၊ အောင်မင်္ဂလာအဝေးပြေးဝင်းရှေ့ အမှတ်(၃) လမ်းပေါ်တွင် ထွန်းအောင် မောင်းနှင်ပြီး ဇော်မင်းလတ် လိုက်ပါလာသည့် TOYOTA COROLLA  အမျိုးအစား အဖြူရောင်အငှားယာဉ်ကို ရပ်တန့်ရှာဖွေရာ ၎င်းတို့ ၂ ဦးထံမှ ဆေးခြောက် ၀ ဒသမ ၂၀၂ ကီလို သိမ်းဆည်း ရမိခဲ့ပါသည်။ 

ကွင်းဆက်သတင်းအရ ညနေ ၅ နာရီခွဲအချိန်တွင် ဇော်ဝင်း(ခ)ကိုဇော် အား လှိုင်မြို့နယ်၊ (၁၃)ရပ်ကွက်၊ ဗဟိုလမ်း၊ နီလာလမ်းထိပ်တွင် စက်ဘီးတစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းထံမှ ဆေးခြောက် ၂ ဒသမ ၂ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၇၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် ဇော်မင်းလတ်(ခ)စစ်နိုင်(၄၃)နှစ်၊ ထွန်းအောင်(ခ)ယောက်ဖ (၃၆)နှစ်၊ ဇော်ဝင်း(ခ)ကိုဇော် (၄၉)နှစ် တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအရေးယူထားကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ