နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မူဆယ်မြို့တွင် ငွေကျပ် ၁,၅၂၃ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မူဆယ်၊ ဒီဇင်ဘာ ၃၁


   ဒီဇင်ဘာ ၂၉ ရက်၊ နံနက် ၁၀ နာရီခွဲအချိန် မူဆယ်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ ဆင်ဖြူဈေး၊ တိုက်တန်းအမှတ် (R-10)ရှိ ခရီးသည်ပို့ဆောင်ရေးကားဂိတ်တွင် အမျိုးသား ၂ ဦးမှ မသင်္ကာဖွယ်စက္ကူဂျပ်ဖာများလာရောက် အပ်နှံသွားကြောင်းသတင်းအရ သွားရောက်ဖွင့်ဖောက်စစ်ဆေးရာ စက္ကူဂျပ်ဖာများအတွင်းမှ ဘိန်းဖြူ ၉ ဒသမ ၉ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၃,၈၀၀ ပြား တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအရေးယူထားကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ