နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တာမွေမြို့နယ်နှင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

ရန်ကုန်၊ ဒီဇင်ဘာ ၃၀


 ဒီဇင်ဘာ ၂၈ ရက်၊ မွန်းလွဲ ၂ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် တာမွေမြို့နယ်၊ တောင်မြင်းပြိုင်ကွင်းလမ်းရှိ၊ ကြေးအိုးဆိုင်ရှေ့တွင် မိုးကျော်မြင့် (ခ)မော်စီတုန်း မောင်းနှင်လာသည့် SUZUKI SWIFT အမျိုးအစားမော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃,၅၀၀ ပြား သိမ်းဆည်း ရမိခဲ့သဖြင့် မိုးကျော်မြင့်(ခ)မော်စီတုန်း(၄၁)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

 ဒီဇင်ဘာ ၂၈ ရက်၊ ညနေ  ၅ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ ရေစကြိုလမ်း၊ အမှတ်(၂၉၅/က)နေ မခင်မာအေး၏နေအိမ်သို့ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းရှိ ခရီးဆောင်အိတ် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် မခင်မာအေး(၅၁)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဉပဒေအရ အရေးယူထားကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ