နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မုဒုံမြို့နယ်တွင် ငွေကျပ်သိန်း ၅,၁၃၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား များနှင့် လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိ

မုဒုံ၊ ဒီဇင်ဘာ ၃၀


  ဒီဇင်ဘာ ၂၇ ရက်၊ ည  ၈ နာရီ ၄၅ မိနစ်အချိန် မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မုဒုံမြို့နယ်၊ မှိန်ဂနိမ်းကျေးရွာအနီး၊ မော်လမြိုင်-သံဖြူဇရပ်သွားကားလမ်းတွင် CHEVROLET COLORADO အမျိုးအစားမော်တော်ယာဉ်ပေါ်မှ PROBOX အမျိုးအစားမော်တော်ယာဉ်ပေါ်သို့ မသင်္ကာဖွယ် အထုပ်များ တင်ဆောင်နေသည်ကို တွေ့ရှိရသဖြင့် စစ်ဆေးရှာဖွေရာ PROBOX မော်တော်ယာဉ်ပေါ်မှ ယာဉ်မောင်း ကျော်မြင့်အောင် နှင့် ချမ်းမွန် တို့အားတွေ့ရှိပြီး မော်တော်ယာဉ်နောက်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၂,၆၀၀ ပြား၊ ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခုနှင့် ၎င်းကျည် ၄ တောင့် တို့ကိုလည်းကောင်း၊ CHEVROLET COLORADO ယာဉ်ပေါ်မှ ယာဉ်မောင်း ကျော်ဗိုလ်ဗိုလ်၊ မစန္ဒာမော်၊ မဝါ၊ မလေးကြည် နှင့် မညို တို့အားတွေ့ရှိပြီး ကျော်ဗိုလ်ဗိုလ်၏လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၇၀ ပြား၊ ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၎င်းကျည် ၁၆ တောင့်နှင့် ကျည်ခါးပတ် အတွင်းမှ ကျည် ၁၂ တောင့်၊ အမ်ကေ-၁၂ အမျိုးအစား သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၎င်းကျည် ၄ တောင့်နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အားလည်းကောင်း အသီးသီးသိမ်း ဆည်းရမိခဲ့ဖြင့် ကျော်မြင့်အောင်(၃၉)နှစ်၊ ချမ်းမွန်(၄၀)နှစ်၊ ကျော်ဗိုလ်ဗိုလ်(၃၅)နှစ်၊ မစန္ဒာမော်(၄၀)နှစ်၊ မဝါ(၃၉)နှစ်၊ မလေးကြည်(၅၆)နှစ်၊ မညို(၅၅)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ