နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီနှင့် စက်မှုလုပ်ငန်းရှင်များတွေ့ဆုံ COVID-19 ရောဂါကြောင့် ထိခိုက်မှုရှိသောစက်မှုလုပ်ငန်းများ ချေးငွေထုတ်ပေးရေးရှင်းလင်း

မန္တလေးစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီနှင့် စက်မှုလုပ်ငန်းရှင်များတွေ့ဆုံ၍ COVID-19 ရောဂါကြောင့် ထိခိုက်မှုရှိသော စက်မှုလုပ်ငန်းများအား COVID-19 Fund မှ ချေးငွေထုတ်ပေးရေးအတွက် ရှင်းလင်း ဆွေးနွေးပွဲကို မတ် ၃၀ ရက်၊ မွန်းလွဲ ၁ နာရီက ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်(၁)ရှိ ရွှေအိုးသင်တန်းခန်းမ တွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ မန္တလေးစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်လှနှင့်စီမံခန့်ခွဲရေး ကော်မတီ ဝင်များ၊ စက်မှုလုပ်ငန်းရှင်များတက်ရောက်ကြသည်။ အခမ်းအနားတွင် မန္တလေးစက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌက ကိုရိုနာဗိုင်းရပ်စ်(COvid-19)ရောဂါကြောင့် ထိခိုက်မှုရှိသော စက်မှုလုပ်ငန်းများ ချေးငွေလျှောက်ထားရာတွင် အကျုံးဝင်ကိုက်ညီရမည့်အချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ပြန်လည်ဆွေးနွေးဖြေကြားသည်။ ချေးငွေများကို ဦးစားပေးကုစားရမည့်ကဏ္ဍများတွင် အကျုံးဝင်သည့်စက်မှုလုပ်ငန်းများကို အတိုး ၁ ရာခိုင်နှုန်းဖြင့် ချေးငွေကာလတစ်နှစ်သတ်မှတ်၍ ချေးငွေများအား COVID-19 Fund မှထုတ်ပေးမည် ဖြစ်ရာ ချေးငွေလျှောက်လွှာများကို မတ် ၃၀ ရက်မှ ဧပြီ ၉ ရက်အတွင်း နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီအထိ ချမ်းအေးသာစံမြို့နယ် ၇၈ လမ်းနှင့် ၃၄ လမ်းထောင့် ရတနာပုံစူပါစင်တာ၊ စတုတ္ထထပ်ရှိ မန္တလေးတိုင်းဒေသ ကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံးတွင် လက်ခံပေးမည်ဖြစ်ပြီး လျှောက်လွှာ များကို MRCCI ရုံးနှင့် Facebook Page ရယူပြီး Online မှလျှောက်ထားလိုသူများ loanmrcci@gmail.com သို့ ပေးပို့နိုင်ကြောင်း သိရသည်။ သီဟကိုကို(မန္တလေး)






အခြားဆက်စပ်သတင်းများ