နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Samsung Galaxy S21/S21+ တို့တွင် အသုံးပြုလာမည့်စနစ်များ ထွက်ပေါ်

ရန်ကုန်  ဒီဇင်ဘာ    ၂၉


Samsung Galaxy S21 နှင့် S21+ တို့တွင်အသုံးပြုလာမည့်စနစ်များ ထွက်ပေါ်လာပြီဖြစ်ပြီး အဆိုပါ စမတ်ဖုန်းများတွင် Snapdragon 888 SoC ပါဝါထောက်ပံ့လာမည်ဖြစ်သည်။

ဖုန်းနှစ်မျိုးမှာ Android 11 အခြေပြု One UI 3.1 သုံးလာမည်ဖြစ်သည်။ RAM8GB သုံးလာမည်ဖြစ်ပြီး 128/256GB တို့ဖြင့် ရွေးချယ်နိုင်မည်ဖြစ်ကာ microSD ကနေ ထပ်တိုးနိုင်မည်ဖြစ်သည်။

S21 မှာ ၆ ဒသမ ၂လက်မ Full HD+ Infinity-O Dynamic AMOLED သုံးလာမည်ဖြစ်ပြီး Plus ဗားရှင်းမှာ ၆ ဒသမ ၇ လက်မသုံးလာမည်ဖြစ်ကာ Resolution က အတူတူပင်ဖြစ်သည်။

S21 မှာဘက်ထရီ 4000 mAhပါဝင်ပြီး S21+ မှာဘက်ထရီ 4800 mAhပါဝင်မည်ဖြစ်ကာ 25W Fast Charging ၊ Wireless Charging ၊ Reverse Wireless Charging တို့ ပါဝင်လာမည်ဖြစ်သည်။

ဖုန်းနှစ်မျိုးလုံးမှာ Gorilla Glass Victusသုံးလာမည်ဖြစ်ပြီး 120Hz Refresh Rate သုံးလာမည်ဖြစ်သည်။ ဖုန်းနှစ်မျိုးလုံးမှာ ကျောဘက်ကင်မရာသုံးလုံးပါဝင်မည်ဖြစ်ပြီး 12MP f/1.8 + 64MP f/2.0 Telephoto + 12MP f/2.0 Ultrawide တို့ဖြစ်ကာ ရှေ့ကင်မရာက 10MP ပါဝင်သည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ