ရန်ကုန် ဒီဇင်ဘာ ၂၈
Vivo X60 Pro တွင်အသုံးပြုလာမည့်စနစ် အပြည့်အစုံထွက်ပေါ်လာပြီဖြစ်ပြီး Vivo X60 Pro ၏ အတိုင်းအတာက 158 ဒသမ 57 x 73 ဒသမ 24 x 7 ဒသမ 59 မီလီမီတာရှိကာ အလေးချိန်က ၁၇၈ ဂရမ်ရှိသည်။ ဖုန်း၏မျက်နှာ ပြင်မှာ ၆ ဒသမ ၅၆ လက်မ AMOLED 1080x2376px FHD Resolution သုံးလာမည်ဖြစ်ပြီးထောင့်ကွေးမှန် သုံးလာမည်ဖြစ်ကာ Punch-Hole သုံးလာမည်ဖြစ်သည်။
X60 Pro မှာဘက်ထရီ 4130 mAh ပါဝင်မည်ဖြစ်ပြီး 3C မှာထောက်ခံချက်ရယူမှုအရ 33W Fast Charging ဖြင့် အားသွင်းနိုင်မည်ဖြစ်သည်။ X60 Pro ကို 2.8GHz Exynos 1080 Chipset နှင့် ပါဝါထောက်ပံ့လာမည်ဖြစ် သည်။
ရှေ့ကင်မရာ 32MP ဖြစ်ပြီး ကျောဘက်ကင်မရာလေးလုံးပါဝင်မည်ဖြစ်ပြီး ယင်းကင်မရာများမှာ 48MP+13MP+13MP+8MP ဖြစ်သည်။ microSD မှ Memory ထပ်တိုးနိုင်မည်ဖြစ်သလို Under-Display Fingerprint Scanner ပါဝင်မည်ဖြစ်သည်။
အဆိုပါဖုန်းကို RAM8GB ၊ RAM12GB တို့ဖြင့် ရွေးချယ်နိုင်မည်ဖြစ်ပြီး Storage 128GB ၊ 256GB တို့ ပါဝင်မည်ဖြစ်ကာ Android 11 OS အခြေခံ Origin OS သုံးလာမည်ဖြစ်ကြောင်းသိရသည်။
(သူရိန်)