နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘက်ထရီ 4500 mAhပါဝင်သည့် OPPO Reno 5 Pro+ ကိုကြေညာ

ဒီဇင်ဘာ  ၂၇


OPPO က Reno5 စီးရီးမှာအမြင့်မားဆုံးဖြစ်သည့် Reno5 Pro+ ကိုကြေညာလာပြီဖြစ်ပြီးအဆိုပါ စမတ်ဖုန်းမှာ ၆ ဒသမ ၅၅လက်မ AMOLED 1080x2400px Resolution သုံးထားပြီး 20:9 Aspect Ratio နှင့် 90Hz Refresh Rate ပါဝင်သည်။ 108Hz Touch Sampling Rate ထောက်ပံ့ထားပြီး အလင်းပေးမှု 1100 nits အထိပေးစွမ်းနိုင်သည်။

ကျောဘက်ကင်မရာလေးလုံးပါဝင်ပြီးအဓိကကင်မရာက 50MP f/1.8 Sony IMX766 ဖြစ်ကာ OIS ပါဝင် သည်။ ဒုတိယကင်မရာက 13MP f/2.4 Telephoto ဖြစ်ပြီး 3x Optical Zoom သုံးနိုင်သည်။ကျန်ကင်မရာ နှစ်လုံးက 13MP f/2.2 Ultrawide နှင့် 2MP f/2.4 Macro တို့ဖြစ်သည်။ ရှေ့ကင်မရာက 32MP f/2.4 ဖြစ်သည်။

အဆိုပါဖုန်းကို Snapdragon 865 SoC နှင့် ပါဝါထောက်ပံ့ထားပြီး RAM8GB (သို့မဟုတ်) RAM12GB ဗားရှင်းတို့ဖြင့် ရွေးချယ်နိုင်မည်ဖြစ်ကာStorage 128/256GB UFS 3.1 Storage တို့ဖြင့် ရွေးနိုင်မည်ဖြစ်သည်။

ဘက်ထရီ 4500 mAh ပါဝင်ပြီး Super VOOC 2.0 65W Fast Charging ဖြင့် အားသွင်းနိုင်မည်ဖြစ်ကာ Reverse Wired Charging လည်းထောက်ပံ့ထားသည်။

Android 11 အခြေပြု ColorOS 11 သုံးထားပြီးစတီရီယိုစပီကာများသုံးထားတဲ့အပြင် Under-Display Fingerprint Scanner လည်းပါဝင်သည်။

အဆိုပါဖုန်းကို ဇန်နဝါရီ ၁၈ ရက်နေ့မှစတင်ကာ ကြိုတင်အမှာလက်ခံသွားမည်ဖြစ်ပြီး ဇန်နဝါရီ ၂၂ ရက်တွင် စတင်ရောင်းချသွားမည်ဖြစ်သည်။ ဈေးနှုန်းအနေဖြင့် 8/128GB ကိုဒေါ်လာ ၆၁၀ နှင့် 12/256GB ကိုဒေါ်လာ ၆၉၀ သတ်မှတ်ထားပြီး အပြာရောင်နှင့် အနက်ရောင်တို့ကိုရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ