နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန္တလေး-ဗန်းမော်သင်္ဘောခရီးစဉ်အဝင်/အထွက်ခရီးသည်နှင့်ရေယာဉ်ဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေး

မန္တလေး   ဒီဇင်ဘာ     ၂၇


ကုန်စည်စီးဆင်းမှု မြန်ဆန်သွတ်လက်စေရေးအတွက် ရေကြောင်းခရီးစဉ်များ ပြေးဆွဲခွင့်ပြုခဲ့ရာ ဒီဇင်ဘာ၂၆ ရက်၊ ည ၅ နာရီခွဲက မန္တလေး-ဗန်းမော်ပြေးဆွဲသော ပြဒါးပျံသင်္ဘောသည် မန္တလေးဂေါဝိန်ဆိပ်ကမ်းသို့ ဆိုက်ရောက်လာရာ ရေကြောင်း၊ ရဲတပ်ဖွဲ့မရမ်းခြံရေကြောင်း ဆိပ်ကမ်းမှူးရဲအုပ်ကြည်စိုးနှင့် ကင်းလှည့် ရေယာဉ် (၁၅၄)မှ ရဲအုပ်အာကာမင်းဦး မဟာအောင်မြေမြို့နယ် Covid-19 ရောဂါကာကွယ်ထိန်းချုပ် ရေးပူးပေါင်းစစ်ဆေးရေး စခန်းတာဝန်ကျအမှတ်(၇)နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း မဟာအောင်မြေမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌနှင့်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စိန်ပန်းရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက ခရီးသည်နှင့်ရေယာဉ်ဝန်ထမ်း များအား ကိုယ်အပူချိန်တိုင်းခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုယ်ရေးအချက်အလက်နှင့်ခရီးစဉ်မှတ်တမ်းများ ကောက်ယူခြင်း၊ ကျန်းမာရေးထောက်ခံချက်၊ နေထိုင်ကြောင်းထောက်ခံချက်များ မေးမြန်းစစ်ဆေး၍ ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။      

  မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ