နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်ရပ်ကွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး၊ ကွင်းဆင်းစိစစ်ဆောင်ရွက်

မန္တလေး    ဒီဇင်ဘာ     ၂၇


လွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ရပ်ကွက်ဖွံ့ဖြိုးရေးလုပ်ငန်းများညှိနှိုင်းအစည်း အဝေးကို ဒီဇင်ဘာ ၂၆ ရက်က ချမ်းအေးသာစံမြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပရာမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ရပ်ကွက် (၂၀) မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ဖွံ့ဖြိုးရေးအထောက်အကူပြုအဖွဲ့များတက်ရောက်ကြသည်။ အစည်းအဝေးတွင် ချမ်းအေးသာစံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမျိုးနိုင်က ၂၀၂၀/၂၀၂၁ ခုနှစ် လွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်ပေးမည့်ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ၄ ခု၊ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ၇ ခု၊ ရေမြောင်းဖောက်လုပ်ခြင်းလုပ်ငန်း ၅ ခုနှင့် ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်း ၁ ခုတို့ ဆောင်ရွက်ပေးနိုင်ရေးလျာထားမှုများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက် လာသောရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရပ်ကွက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကြံပြုဆွေးနွေးကြသည်။

ထို့နောက် ချမ်းအေးသာစံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ မြို့နယ်အင်ဂျင်နီယာအဖွဲ့နှင့်အတူ ရပ်ကွက်များသို့သွားရောက်၍ မြေပြင် အခြေအနေကို ကွင်းဆင်းစိစစ်ပေးခဲ့ကြသည်။        


မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ