နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လမ်းလယ်ကျွန်းတိုက်ယာဉ်မောင်း အရေးယူ

ရန်ကုန်    ဒီဇင်ဘာ    ၂၇


တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်း အ-ထ-က(၄)အနီးတွင် ဒီဇင်ဘာ ၂၆ ရက်၊ ည ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်က ကိုယ်ပိုင်မော်တော်ယာဉ်တစ်စီးသည် လမ်းလယ်ကျွန်း၌ တပ်ဆင်ထားသည့် အတားအဆီး သံပန်းများအား ဝင်ရောက်တိုက်မိပြီး ထွက်ပြေးသွားသဖြင့် တာမွေမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မျိုးလင်း နှင့်တာဝန်ရှိသူတို့သည် တာဝန်သိမိဘပြည်သူတို့၏ သတင်းပေးမှုဖြင့် ညတွင်းချင်းလိုက်လံစုံစမ်းရာ ရန်ကင်း မြို့နယ် ကျောက်ကုန်းရှိ တာယာဆိုင်အနီးတွင် ယာဉ်အမှတ် ခဲရောင် မော်တော်ယာဉ်အား ရှေ့ဘီးတာယာကွဲ ကားခေါင်းပိုင်းအနည်းငယ်ပျက်စီးကာ ယာဉ်မောင်း ခေါင်းပေါက်ဒဏ်ရာအနည်းငယ်ရရှိသွားပြီး(မစိုးရိမ် ရ) သဖြင့် အဆိုပါ ယာဉ်မောင်းအား စည်ပင်သာယာဥပဒေဖြင့် တရားစွဲအရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။                                                                                                       

မောင်မောင်






အခြားဆက်စပ်သတင်းများ