နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန္တ‌လေးမြို့တွင် အခမဲ့ကူညီပေးနိုင်ရန် အောက်စီဂျင်စက်ရုံတစ်ခု တည်ဆောက်

မန္တလေး၊ ဒီဇင်ဘာ ၂၇


မန္တလေးမြို့နယ်အပါအဝင် အထက်မြန်မာပြည်ရှိ  မြို့ကြီးများမှ အသက်ကယ် လေ(အောက်စီဂျင်) သုံးစွဲရန် လိုအပ်နေသော လူနာများအား အခမဲ့ကူညီပေးနိုင်ရန်ရည်ရွယ်ပြီး မန္တလေးမြို့၌ အောက်စီဂျင်စက်ရုံတစ်ခုကို စတင်အကောင်အထည်ဖော် တည်ဆောက်လျက်ရှိကြောင်းသိရသည်။ 

အဆိုပါ အောက်စီဂျင်စက်ရုံကို ပုလဲပရဟိတဖောင်ဒေးရှင်းမှဦးဆောင်၍ စေတနာရှင်အလှူရှင်များ စုပေါင်းအလှူငွေများဖြင့် မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ရှိ ပုလဲပရဟိတကျောင်းဝင်းအတွင်း၌ တည်ဆောက်သွားမည်ဖြစ်ပြီး ငွေကျပ်သိန်းပေါင်း ၅၀ဝ၀ ကျော် ကုန်ကျမည်ဖြစ်ကြောင်းသိရသည်။ 

အောက်စီဂျင်စက်ရုံ တည်ဆောက်ပြီးစီးပါက တစ်နေ့လျှင် အောက်စီဂျင်အိုးကြီး ၃၀ဝ ထုတ်ပေးနိုင်မည် ဖြစ်ပြီး အထက်မြန်မာပြည်ရှိ  မြို့ကြီးများ၌ ရုံးခွဲများဖွင့်လှစ်ကာ အောက်စီဂျင်လိုအပ်နေသော လူနာများအတွက် အခမဲ့ကုသိုလ်ပြု လှူဒါန်းပေးနိုင်ဖို့စီစဉ်ထားကြောင်းသိရသည်။

လက်ရှိအချိန်တွင် မန္တလေးမြို့ရှိဆေးရုံအသီးသီးမှ အောက်စီဂျင်လိုအပ်ချက်ရှိသော လူနာများအတွက်   ၂၄ နာရီအချိန်ပြည့် လှူဒါန်းပေးလျက်ရှိနေပြီး အောက်စီဂျင်စက်ရုံအတွက် အလှူငွေများ ပါဝင်လှူဒါန်းလိုပါ က ဖုန်းနံပါတ် (ဝ၉-၈၈၉၉၀ဝ၃၄၅၊ ဝ၉-၄၅၆၅၅၅၀၅၀ )တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်းသိရသည်။ 


မြင့်မြတ်အောင်မြင်






အခြားဆက်စပ်သတင်းများ