ဒီဇင်ဘာ ၂၆
Honor ကလာမည့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်တွင် Honor V40 ကိုမိတ်ဆက်လာမည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။
Honor V40 ကိုမိတ်ဆက်လာမည့် ကြော်ငြာပိုစတာထဲတွင်အဆိုပါဖုန်းမှာ 120Hz Refresh Rate ပါဝင်လာ မည်ဖြစ်ကြောင်းဖော်ပြထားသည်။
Honor V40 ၏ ကုတ်အမည်မှာ YORK ဖြစ်ပြီးမော်ဒယ်နံပါတ်က YOK—AN10 ဖြစ်သည်။ 3C မှာ ထောက်ခံချက် ရယူမှုအရ Honor V40 မှာ 66W Fast Charging ပါဝင်လာမည်ဖြစ်သည်။
အဆိုပါဖုန်းကိုDimensity 1000+ SoC နှင့် ပါဝါထောက်ပံ့လာမည်ဟုသတင်းထွက်ပေါ်ထားပြီး Honor V40 မှာထောင့်ကွေးရုပ်ထွက် အသုံးပြုလာမည်ဖြစ်ကာ Dual Punch-Hole Selfie Camera သုံးလာမည်ဖြစ်သည်။ ထို့အပြင် ကျောဘက်ကင်မရာများကိုစက်ဝိုင်းကွက်အတွင်းမှာ ထည့်သွင်းလာမည်ဖြစ်သည်။
(သူရိန်)