နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သုံးစွဲသူကိုအကြိုက်တွေ့စေမည့် HUAWEI Mate Book D 14

ဒီဇင်ဘာ ၂၃


HUAWEI MateBook D 14 ကို 1920 x 1080 IPS screen နှင့် 4.8mm သာရှိသော ဘေးဘောင်သေးငယ်ပြီး 14-inch FullView display က အဆုံးအစမဲ့မြင်ကွင်းကို ခံစားနိုင်မည်ဖြစ်သည်။ မြင်ကွင်း 178° အထိရှိပြီး ရုပ်ရှင်ကြည့်ရှု နေခြင်းဖြစ်စေ၊  email ပို့ဆောင်ခြင်းဖြစ်စေ ကြည်လင်ပြတ်သားလှပသောမျက်နှာပြင်ကို ခံစားနိုင်မည်ဖြစ်သည်။ 

1.38 kg1 အလေးချိန်၊ 15.9 mm အထူသာရှိသည့် ပါးလွှာပေါ့ပါးပြီး 180° အထိကွေးညွှတ်နိုင်စွမ်းရှိသည့် အပြင် Huawei Matebook D 14 တွင် Shark Fin 2.0 Fan ဒီဇိုင်းတပ်ဆင်ပေးထားသည်။ အပူချိန်လျော့ကျစေရန် လေကြောင်းစီးဆင်းမှုကို အကောင်းဆုံးစွမ်းဆောင်ပေးပြီး လက်ပ်တော့ကို မြန်ဆန်စွာအေးမြစေသည့်အတွက် ကြောင့် ကောင်းစွာအသုံးပြုနိုင်မည်ဖြစ်သည်။

56 Wh4 ဘက်ထရီအသုံးပြုထားသောကြောင့်  တစ်နေ့တာအတွက် တစ်ခါအားသွင်းထားရုံဖြင့် ဘက်ထရီလုံလောက်စွာ အသုံးပြုနိုင်ပြီဖြစ်သည်။ 1080p ရှိသည့်ဗီဒီယိုများကို နာရီပေါင်းများစွာကြည့်ရှုနိုင်သောကြောင့် ဇာတ်လမ်းတွဲကောင်းများစွာကို ကောင်းစွာ ကြည့်ရှုနိုင်စေသည်။ အသုံးပြုသူ၏ စမတ်ဖုန်းနှင့် Huawei MateBook D 14 ကို တစ်ချက်ထိရုံဖြင့် အင်တာနက်မလိုဘဲ Super Device တစ်ခုအဖြစ် ပြောင်းလဲပေးနိုင်စွမ်းရှိသည့်အတွက်ကြောင့် ဖုန်းမျက်နှာပြင်က Laptop တွင်ပေါ်နေမည်ဖြစ်ပြီး Keyboard နှင့် Mouse တစ်ခုတည်းကို အသုံးပြုပြီး မိတ်ဆွေအပေါင်းအသင်းများကို ဆက်သွယ်ကာ လုပ်ငန်းပိုင်းဆိုင်ရာလိုအပ်သည့် Files များကို အလွယ်တကူ ကူးယူပြင်ဆင်နိုင်ပြီဖြစ်သည်။ ထိုသို့ cross-device အသုံးပြုနိုင်ခြင်းက နေ့စဉ်ဘဝလုပ်ဆောင်ချက်များကို ပိုမိုလွယ်ကူစေသည်။

HUAWEI MateBook D 14 တွင် ပါဝင်သည့် 65 W USB-C charger 7 က သေးငယ်ပြီး သယ်ဆောင်ရ လွယ်ကူသည့်အပြင် မိနစ် ၃၀ အားသွင်းရုံဖြင့် ၅၃ ရာခိုင်နှုန်းအားပြည့်စေသည့်အပြင် fast charging 9 ပါဝင်ပြီး မိမိဖုန်းအတွက်ပါ အသုံးပြုနိုင်ပြီး Data ကူးပြောင်းခြင်းပါ ဆောင်ရွယ်နိုင်သည့်အပြင် အမြင်အာရုံပိုင်းအတွက် TV Rheinland အသိအမှတ်ပြုထားသည့် မျက်နှာပြင်က မျက်စိအားနည်းစေသာ အပြာရောင်အလင်းတန်းကိုလျှော့ချ ပေးခြင်းကြောင့် HUAWEI MateBook D 14 ၏ မြင်ကွင်းကျယ်မျက်နှာပြင်ကို အပြည့်အဝခံစားနိုင်မည်ဖြစ်သည်။  အသုံးပြုသူ၏ လက်ချောင်းဖြင့် တစ်ချက်လေးနှိပ်လိုက်ရုံဖြင့် လုံခြုံစွာ အဖွင့်အပိတ်ပြုလုပ်နိုင်ရန် HUAWEI MateBook D 14 တွင် Built-in Fingerprint reader ထည့်သွင်းပေးထားသည်။                                                                                

(WP)






အခြားဆက်စပ်သတင်းများ