နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မားကပ်စ် သူရမ်ရဲ့ကိုဗစ်စည်းမျဉ်းကို ချိုးဖောက်တဲ့အပြင် ရိုင်းစိုင်းတဲ့ လုပ်ရပ်ကြောင့် ပွဲပယ်ခံရနိုင်

ဒီဇင်ဘာ ၂၃


ပြင်သစ် ၊ ဂျူဗင်တပ်တို့နဲ့ ကျော်ကြားခဲ့တဲ့ ဖခင်ကြီး လီလီယမ် သူရမ်ရဲ့ခြေရာကို လိုက်နင်းနိုင်ဖို့ ကြိုးစား နေသူ အသက် ၂၃ နှစ်သား မားကပ်စ်သူရမ်ဟာမိုချန်ဂလာဘတ်မှာ ဘယ်တောင်ပံ ကစားသမားအဖြစ် ကစား နေပြီးပြီးခဲ့တဲ့ ရာသီတုန်းက မိုချန်အတွက် ၁၄ ဂိုးသွင်းကာ ဥရောပထိပ်သီးတွေရဲ့ စိတ်ဝင်စားမှုကို ရရှိ ခဲ့တဲ့သူဖြစ်ပါတယ်။ မားကပ်စ် သူရမ်ဟာ ဒီရာသီမှာလည်း ဘွန်ဒစ်လီဂါ မှာ ၄ ဂိုး သွင်းယူ ပေးထားခဲ့ပါပြီ။ မိုချန် ဂလာဘတ်ဟာ ဟော့ဖမ်ဟမ်း အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစား ခဲ့ပြီး ၃၄ မိနစ်မှာ ရရှိတဲ့ ပင်နယ်တီ ဂိုးနဲ့ ဦးဆောင်နေခဲ့ပါတယ် ။ ဒီပွဲကို အနိုင် ရခဲ့မယ် ဆိုရင် မိုချန်တို့ အမှတ်ပေးဇယားရဲ့ ပဉ္စမနေရာကို တက်လှမ်း လာနိုင်တော့မှာပါ။ ဧည့်သည် ဟော့ဖမ်ဟမ်းက ပွဲပြီးဖို့ ၁၅ မိနစ်အလိုမှာတော့ ချေပဂိုး ပြန်လည်ရရှိသွားခဲ့ ပါတယ်။ အဲ့ဒီနောက် မိနစ်အနည်းငယ်အကြာမှာတော့ မားကပ်စ်သူရမ်က ဟော့ဖမ်ဟမ်း ကစားသမား စတီဖန် ပေါ့ရှ်ရဲ့ မျက်နှာကို တံတွေးနဲ့ထွေးခဲ့တာကြောင့် ကွင်းလယ်ဒိုင်က VAR ကနေ သုံးသပ် ကြည့်ရှုရာ( ကနဦးက မမြင်တွေ့ခဲ့ ) မှာတော့ တိုက်ရိုက်အနီကတ်နဲ့ထုတ်ပယ်ခဲ့ပါတယ် ။ 

လက်ရှိအချိန်ဟာ တစ်ကမ္ဘာလုံးကို ကိုဗစ်ရောဂါကပ်ဆိုးကြီး ခြိမ်းခြောက်နေဆဲဖြစ်တာကြောင့် ဘောလုံးသမားတွေကို ကွင်းထဲမှာအကြောင်းမရှိဘဲ တံတွေးမထွေးဖို့ ၊ အခြားကစားသမားတစ်ဦးဦးကို ရည်ရွယ်ချက်ရှိရှိနဲ့ တံတွေးထွေးတာမျိုး မပြုလုပ်ဖို့ တင်းကျပ်တဲ့ စည်းကမ်းတွေ ထုတ်ပြန်ထားခဲ့ပါတယ်။ ဒီလိုအချိန်မှာ မားကပ်သူရမ်ရဲ့လုပ်ရပ်ဟာ အားကစားစည်းမျဉ်းကိုရော ကိုဗစ်စည်းမျဉ်းကိုပါ ချိုးဖောက်ရာ ကျခဲ့တာကြောင့် အနီကတ်အပြစ်ဒဏ်အပြင် ထပ်တိုး အပြစ်ဒဏ်တွေ ကိုပါ ကျခံ ရနိုင်ပြီး ၄ ပွဲ ကနေ ၆ ပွဲခန့်ထိ ပွဲပယ်ခံရနိုင်ချေ ရှိတယ်လို့ သုံးသပ်မှုတွေ ပေါ်ထွက် လာခဲ့ပါတယ်။ ဧည့်သည် ဟော့ဖမ်ဟမ်းဟာ ၈၆ မိနစ်မှာ စပါးကနေ အငှားလာကစားနေတဲ့ နောက်ခံလူ ရိုင်ယန်ဆစ်ဆက် ဂနွန်ရဲ့ ဂိုးထပ်ရခဲ့တာကြောင့် ပွဲအပြီးမှာ မိုချန် ဂလာဘတ် ကို ၂ – ၁ နဲ့ အနိုင်ကစားသွားခဲ့ ပါတယ်။ ဒီရှုံးပွဲကြောင့် မိုချန်ဟာ ပွဲစဉ် ၁၃ အပြီးမှာ ၁၈ မှတ်နဲ့ အဆင့် ၈ နေရာကိုရောက်ရှိသွားခဲ့ပါတယ်။                                                                              (SO)






အခြားဆက်စပ်သတင်းများ