နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုက်စစ်မှူးဆာလာရဲ့ရင်ဖွင့်စကားတွေ ဖောက်သည်ချလာတဲ့ အီဂျစ်အသင်းဖော်ဟောင်း အာဘောက်ထရီကာ

ဒီဇင်ဘာ    ၂၂

ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့မှာ မကစားနိုင်ဘူးလို့ ဘယ်သူကသိမှာလဲဆိုတဲ့ ဆာလာရဲ့ ပြောဆိုမှုအပြီးမှာ လီဗာပူးလ်အသင်းဟာ သူတို့အသင်းတိုက်စစ်မှူးမိုဟာမက်ဆာလာကို ပြန်လည်ရောင်းချဖို့အတွက် စဉ်းစားနေပြီလို့ သတင်းတွေထွက်လာခဲ့ပါတယ်။ ပြန်လည်ရောင်းချဖို့အတွက်ကို ကလပ်အသင်းဘက်က စတင်စဉ်းစားလာခဲ့တယ်လို့လည်း ဆိုပါတယ်။ ဆာလာရဲ့ အီဂျစ်အသင်းဖော်ဟောင်းဖြစ်သူ မိုဟာမက်အာ ဘောက်ထရီကာက”ဆာလာဟာ လီဗာပူးလ်မှာမပျော်ရွှင်တော့ဘူးလို့ သူ့ကိုပြောဆိုခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။ ဆာလာပြောဆိုခဲ့မှုတွေနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ လူသိရှင်ကြားဖွင့်ပြောဖို့ မသင့်တော်တာကြောင့် ကွယ်ဝှက် ထားရမယ်လို့ ထရီကာကဆိုခဲ့ပေမယ့် ဆာလာက အန်ဖီးလ်မှာ ဘာကြောင့် မပျော်ရွှင်တော့တာလဲဆိုတာကတော့ပြောပြခဲ့ပါတယ်။ ဆာလာရဲ့ လီဗာပူးလ်က အခြေအနေကိုပြောမယ်ဆိုရင်တော့ အံ့အားသင့်စရာပါ၊ သူကိုယ်တိုင်လည်း အံ့အားသင့်နေပါတယ်၊ ဒါပေမယ့် ကွင်းတွင်းခြေစွမ်းကိုတော့ သူ အထိခိုက်မခံပါဘူး၊ သူ လီဗာပူးလ်မှာမပျော်ရွှင်တော့တာ ကျွန်တော်သိပါတယ်၊ ဘာကြောင့်လဲဆိုတာ သူ ကျွန်တော့်ကို ပြောပြခဲ့ပြီး သူတို့ကလည်း လျှို့ဝှက်ထားပါတယ်၊ ဒါကြောင့် လူသိရှင်ကြား ကျွန်တော်မပြောနိုင်ပါဘူး။ အကြောင်းရင်းတစ်ခုကတော့ မစ်ဂျီလန်းနဲ့ပွဲမှာ သူ အသင်းခေါင်းဆောင်မဖြစ်ခဲ့တာကို ဆာလာက ဒေါသထွက် ခဲ့ပါတယ်၊ ရီးရဲလ် ဒါမှမဟုတ် ဘာကာကစားသမားဖြစ်ခဲ့မယ်ဆိုရင်လည်း သူ အခုလိုခြေစွမ်းပြနိုင်မှာပါ၊ သူက ဘလွန်းဒီအောဆု ရနိုင်ပါတယ်၊ ကျွန်တော့်အမြင်ကတော့ လီဗာပူးလ်ကလည်း သူ့ကိုရောင်းဖို့ စဉ်းစား နေပါပြီ” လို့ အာဘောက်ထရီကာက ပြောဆိုခဲ့ပါတယ်။ ဆာလာဟာ ဒီရာသီမှာ လီဗာပူးလ်အတွက် ၁၃ ဂိုး အထိ သွင်းယူပေးထားပြီး အသင်းရဲ့ ဒီဘက်နောက်ပိုင်းအောင်မြင်မှုတွေမှာ အဓိကကစားသမားအဖြစ် ပါဝင် ခဲ့သူဖြစ်ပါတယ်။   
               
(SO)






အခြားဆက်စပ်သတင်းများ