နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မူဆယ်တွင် ပိတ်မိနေသော တရုတ်နိုင်ငံသို့ တင်ပို့မည့် ဆန်များအတွက် ဆန်ကုန်သည်များ အခက်တွေ့

မူဆယ်၊  မေ  ၆

မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်တွင် ပိတ်မိနေသော တရုတ်နိုင်ငံသို့တင်ပို့မည့် ဆန်တန်ချိန် ၅၀ဝ၀ ကျော်အတွက် ပြည်တွင်းရှိ သက်ဆိုင်ရာဝန်ကြီးဌာနမှ ပိုးမွှားကင်းစင်ကြောင်း ထောက်ခံချက်မရသေးသဖြင့် ဆန်ကုန်သည်များအနေဖြင့် အခက်တွေ့နေကြောင်း သိရသည်။

ယခုနှစ်၊ မတ်လ ၂၃ ရက်အထိ တရုတ်နိုင်ငံသို့ ဆန်များတင်ပို့ရာတွင် မူဆယ်ရှိ စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ခံချက်ဖြင့် တင်ပို့နိုင်ခဲ့သော်လည်း မတ်လ ၂၃ ရက် နောက်ပိုင်းတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထောက်ခံချက်လက်မှတ်ကိုသာ လက်ခံသွားမည်ဟု တရုတ်နိုင်ငံ ဘက်မှ သတ်မှတ်လိုက်သည့်အတွက် ယခုကဲ့သို့ တရုတ်နိုင်ငံသို့တင်ပို့မည့်ဆန်များ ပိတ်မိသွားခြင်းဖြစ်ကြောင်း မူဆယ်(၁ဝ၅)မိုင် ဆန်စပါးကုန်စည်ဒိုင်မှ သိရသည်။

ယခုအခါ အဆိုပါ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်တွင် ပိတ်မိနေသောဆန်များအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ပိုးမွှားကင်းစင်ကြောင်းထောက်ခံချက်လက်မှတ်များရရှိရန်အတွက် စစ်ဆေးမှုများဆောင်ရွက် နေပြီဖြစ်သော်လည်း ယခုအချိန်အထိ ထောက်ခံချက်လက်မှတ် မရရှိသေးသဖြင့် စောင့်ဆိုင်းနေရကြောင်း ဆန်ကုန်သည်တစ်ဦးက ပြောသည်။

ထိုသို့ ထောက်ခံချက်လက်မှတ်များရရှိရန် စောင့်ဆိုင်းနေရမှုကြောင့် ဆန်ကုန်သည်များအနေနှင့် လုပ်ငန်း ငွေများ လည်ပတ်ရာတွင် အခက်အခဲများရှိလာသလို ကုန်ကျစရိတ်လည်း ပိုများလာကြောင်း သိရသည်။

(ဆောင်းဦး)






အခြားဆက်စပ်သတင်းများ