နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သမိုင်းဝင်အဝေးကွင်းနိုင်ပွဲမှာ လီဗာပူးတို့ရရှိခဲ့တဲ့စံချိန်များ

ဒီဇင်ဘာ  ၂၁


လီဗာပူးတို့ ခရစ်စတယ်ပဲလေ့စ်နိုင်ပွဲက ယာဂင်ကလော့ဟာ ရာဖေးလ်ဘင်နီတက်ဇ်ရဲ့ ၁၂၆ ပွဲအနိုင်ကို ကျော်လွန်ခဲ့ကာ ၁၂၇ ပွဲမြောက်လိဂ်နိုင်ပွဲဖြစ်တာကြောင့် လီဗာပူးတို့ရဲ့ ပရီးမီးယားလိဂ်သမိုင်းမှာနိုင်ပွဲအများဆုံးရမန်နေဂျာဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ဒီနိုင်ပွဲအရေအတွက်ရဖို့ ၁၉၆ ပွဲကစားခဲ့ရတာဖြစ်လို့ ဘင်နီတက်ဇ်ရဲ့ ၂၂၈ ပွဲထက် ပွဲအရေအတွက်ပိုနည်းပါတယ်။ လီဗာပူးတို့ဟာ ၁၉၈၉ တုန်းကခရစ်စတယ်ပဲလေ့စ်ကို ၉-ဝ နဲ့ အနိုင်ရရှိခဲ့ဖူးပြီး ယခုပွဲဟာ သူတို့ရဲ့ထိပ်တန်းလိဂ်သမိုင်းမှာ အဝေးကွင်းဂိုး ၇ ဂိုးပြတ်နဲ့အနိုင်ရတဲ့ ပထမ ဆုံးပွဲပဲဖြစ်ပါတယ်။ ခရစ်စတယ်ပဲလေ့စ်တို့ကလည်း သူတို့ရဲ့သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် အိမ်ကွင်းမှာ ၇ ဂိုးပြန်ရှုံးခဲ့ရတာဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ တာကုမိမီနာမီနိုရဲ့ဂိုးဟာ ပွဲအစ ၁၂၅ စက္ကန့်မှာ သွင်းယူခဲ့ပြီး သူ့ရဲ့ ပရီးမီးယားလိဂ်ပထမဆုံးဂိုးဖြစ်သလို အဖွင့်ဂိုးလည်းဖြစ်ပါတယ်။ ဒီဂိုးဟာ ၂၀၁၄ နိုဝင်ဘာ တုန်းက အဝေးကွင်းမှာ ရစ်ကီလမ်းဘတ်သွင်းခဲ့တဲ့ စက္ကန့်၉၀ ဂိုးပြီးနောက် လီဗာပူးတို့အတွက် အမြန်ဆုံးအဝေးကွင်း ဂိုးဖြစ်ပါတယ်။ ၂၀၁၈ သြဂုတ်ကစပြီး လီဗာပူးဘယ်ဖူးဘက်အန်ဒီရောဘတ်ဆန်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ဂိုး ဖန်တီးမှုပေါင်း ၂၈ ကြိမ်ထက်ပိုများတဲ့ ပရီးမီးယားလိဂ်ကစားသမား တစ်ဦးမှမရှိသေးပေမယ့်မန်စီးတီးတို့ရဲ့ ကွင်းလယ်ဖန်တီးရှင် ကီဗင်ဒီဘရူးနားနဲ့ အကြိမ်ရေတူညီခဲ့ ပါတယ်။ ဆာဒီယိုမာနေးဟာ ခရစ်စတယ်ပဲလေ့စ်တို့နဲ့ သူကစားခဲ့တဲ့နောက်ဆုံး ၇ ပွဲမှာ ၇ ပွဲလုံးဂိုးသွင်းခဲ့ပါတယ်။ အခုလို တူညီတဲ့ပြိုင်ဘက်အသင်းကို ပွဲဆက်ဂိုးသွင်းနိုင်တာမှာ စတုတ်အသင်းကို ၈ ပွဲဆက်တိုက်ဂိုးသွင်းခဲ့တဲ့ ရော်ဘင်ဗန်ပါစီတစ်ဦးသာ မာနေး ထက်ပိုများပါတယ်။ မာနေးအစားလူစားဝင်လာတဲ့ ဆာလာဟာ သွင်းဂိုး ၂ ဂိုးနဲ့ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ် ခဲ့တာကြောင့် အရန်ကစားသမားတစ်ယောက်က ဂိုးသွင်း၊ဂိုးဖန်တီးမှုအများဆုံး ပါဝင်နိုင်တဲ့စံချိန်ကိုရရှိခဲ့ပါ တယ်။ ဂျော်ဒန်ဟန်ဒါဆန်ဟာသူသွင်းခဲ့တဲ့လိဂ်ဂိုး၂၇ ဂိုးထဲမှာ ၄၁ ရာခိုင်နှုန်းဖြစ်တဲ့ ၁၁ ဂိုးက ဘောက်စ်အပြင် ဘက်ကသွင်းယူခဲ့တာချည်းဖြစ်ပါတယ်။ လီဗာပူးတို့ဟာ တစ်ရာသီတည်းအတွင်းမှာ ၇ ဂိုးပြတ်နဲ့ရှုံးခဲ့ဖူးသလို ၇ ဂိုးပြတ်နဲ့နိုင်ခဲ့ဖူးတဲ့ ပထမဆုံးအသင်း ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ရှေ့တန်းသုံးယောက်ဖြစ်တဲ့ ဖာမီနို၊ ဆာလာ၊ မာနေးသုံးယောက်လုံးက ပရီးမီးယားလိဂ်ပွဲ တစ်ပွဲတည်း အတွင်း အားလုံးဂိုးသွင်းသလို ဂိုးလည်းဖန်တီးခဲ့ကြတဲ့ ပထမဆုံးပွဲဖြစ်ခဲ့ပါတယ်။ လီဗာပူးတို့ဟာ ခရစ်စမတ် ပရီးမီးယားလိဂ်ဇယားဦးဆောင်သူတွေဖြစ်လာပြီး ဒါက   သုံးရာသီဆက်တိုက်မြောက်ပဲဖြစ်ပါတယ်။

 (SO)






အခြားဆက်စပ်သတင်းများ