နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘရာဇီးဂန္တဝင်နောက်ခံလူ ကာဖူးက ညာနောက်ခံလူဟာ အသင်းမှာအရေးပါ အရာရောက်လာပြီဖြစ်ကြောင်း ပြော

ဒီဇင်ဘာ    ၂၁

ဘရာဇီးအသင်းနဲ့ ကမ္ဘာ့ဖလားကို ဆွတ်ခူးထားခဲ့တဲ့ ဂန္တဝင်နောက်ခံလူ ကာဖူးက အာနိုးလ်နဲ့ပတ်သက်ပြီး ဒေးလီးမေးလ်ကို လီဗာပူးလ်နောက်ခံလူ အာနိုးလ်က အနာဂတ်ဘလွန်းဒီအောဆုရှင်လို့ ပြောသွားခဲ့ပါတယ်။ ကာဖူးက လီဗာပူးလ်ကစားသမားဆီမှာ သူ့လိုမျိုး အရည်အသွေးတွေ အများကြီးရှိတယ်လို့ ဝန်ခံသွားခဲ့တာ ဖြစ်ပါတယ်။“ ကျွန်တော်နဲ့သူနဲ့က ကစားပုံချင်းတူတာတွေ မြင်နေရပါတယ်။ သူက တိုက်စစ်ဆင်ရာမှာလည်း ကြောက်ရွံ့ခြင်းမရှိ၊ ခံစစ်ကိုလည်း အကောင်းဆုံးကာကွယ်နိုင်ပြီး ဖြတ်တင်ဘောတွေကလည်း အရမ်းကို ကောင်းပါတယ်။ ဒါ့အပြင် သူဟာ ဖရီးကစ်လည်း ကောင်းကောင်းကန်တတ်ပါတယ်။ သူဟာ နောက်လာမယ့် ကမ္ဘာ့ဖလားမှာ ကြယ်ပွင့်တစ်ပွင့်ဖြစ်လာမှာပါ။ အာနိုးလ်ဟာ ဘလွန်းဒီအောဆုကို စိန်ခေါ်နိုင်မယ်သူ’’လို့ ကာဖူးကပြောသွားခဲ့တာ ဖြစ်ပါတယ်။ “သူဟာ ညာနောက်ခံလူနေရာကနေ နောက်ထပ် တစ်ဆင့်ကို တက်နိုင်ပါတယ်။ အခုခေတ်ကစားကွက်တွေမှာ လူတွေက ညာနောက်ခံလူတွေရဲ့ အရေးပါပုံကို အမြင် တစ်မျိုးနဲ့ မြင်ကြပြီလို့ ကျွန်တော်ထင်ပါတယ်။ ဒါက ဂိုးသွင်းရုံတင်မကပါဘူး။ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ယောက်တောင် ဖြစ်နေသင့်ပါတယ်။ အရင်ကတော့ ကစားပုံနေရာကြောင့် တစ်ချို့သော ကစားသမားတွေကဘလွန်းဒီအောဆုကို မရခဲ့ပါဘူး။ ဒီနေ့ခေတ်မှာတော့ နောက်ခံအစွန်လူ တွေဟာ ပွဲချိန် အတွင်းမှာ အဓိကအရေးပါတဲ့ ကစားသမားတွေ ဖြစ်လာပါပြီ” လို့ ကာဖူးကထပ်ပြီး ပြောသွားခဲ့ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ