နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Golden Boy ဆုကို ကိုယ်တိုင်လက်ခံရယူခဲ့တဲ့ အာလင်းဟာလန်း

ဒီဇင်ဘာ    ၂၁

Golden Boy ဆုပေးပွဲကို အရွေးချယ်ခံထားရတဲ့ နော်ဝေနဲ့ဒေါ့မွန်ကြယ်ပွင့် အာလင်းဟာလန်းကိုယ် တိုင်ဆုလက်ခံရယူခဲ့ပါတယ်။ ဒီ Golden Boy ဆုကိုတော့ အီတလီအားကစားမီဒီယာဖြစ်တဲ့ Tuttosport က ကြီးမှူးကျင်းပပြီး လူငယ်ကစားသမားတွေထဲက အကောင်းဆုံး ၂၁ နှစ်နဲ့အောက်ဘောလုံးသမားဆုအဖြစ် နှစ်စဉ်ပေးအပ်လာတဲ့ ဆုတစ်ဆုပဲဖြစ်ပါတယ်။ အာလင်းဟာလန်းဟာ စွမ်းရည်ကောင်းတွေပြသနိုင်တာ ကြောင့် ရီးရဲမက်ဒရစ်အပါအဝင် အသင်းကြီးတော်တော်များများက လိုက်နေကြတဲ့ အသံတွေ ထွက်လာခဲ့ပြီး အခုနောက်ဆုံးသတင်းထွက်ပေါ်လာခဲ့တာကတော့ သူ့ရဲ့အိုင်ဒေါခရစ်စတီယာနိုရော်နယ်ဒို ကစားနေတဲ့ ဂျူဗင် တပ်အသင်းဖြစ်ပါတယ်။ ဟာလန်းနဲ့ Tuttosport နဲ့အင်တာဗျူးမှာ ဟာလန်းက” ဒါတွေကသူတို့ဘာသာ သူတို့ ပြောနေကြတာပါ။ ကျနော်ဘိုရပ်ရှားဒေါ့မွန်မှာ တစ်နှစ်တာရှိနေခဲ့ပြီးပါပြီ။ ဒီမှာကျနော်အဆင်ပြေပါတယ်။ ဒီမှာကျနောပျော်ရွှင်နေပါတယ်။ ကျနော့ရဲ့ အေးဂျင့်မီနီက ကျနော့ကို အများကြီးကိုကူညီထားခဲ့တာပါ။ သူက ကမ္ဘာပေါ်မှာ အကောင်းဆုံးအေးဂျင့်ပါပဲ။ ကျနော့ရဲ့ကစားသမား ဘဝကိုသူနဲ့ပဲ ရှေ့လျှောက်လက်တွဲသွားဖို့ကျနော်အလိုရှိပါတယ်။ ဒီ Golden Boy ကဆုကြီးတစ်ဆုဖြစ်ပါတယ်။ ကျနော်ဒီဆုအတွက် ဂုဏ်ယူပါတယ်။ ဒီဆုက ကျနော့ကိုဒီထက်ပိုကောင်းတာတွေလုပ်ဖို့အတွက် တွန်းအားတစ်ရပ်လှုံ့ဆော်မှု တစ်ခုဖြစ်စေပါတယ်။

ကျနော့်မှာရှိထားတဲ့တခြားရည်ရွယ်ချက်တွေကိုဆက်လက်အကောင်အထည်ဖော်ဖို့ အတွက်ရောပေါ့ "လို့ အာလင်းကဆိုပါတယ်။ ဖီဖာကမ္ဘာ့အကောင်းဆုံးကစားသမားဆုရ လီဝန်ဒေါစကီးနဲ့ပတ်သက်လို့ ဘယ်လိုမြင် လဲလို့မေးလာတဲ့အခါမှာလည်း  ဟာလင်းက "သူက ကမ္ဘာပေါ်မှာ အကောင်းဆုံးဘောလုံးသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။ ကျနော်သူ့ကို စောင့်ကြည့်လေ့လာဖြစ်ပါတယ်။ သူရရှိထားတဲ့အောင်မြင်မှုမျိုးတွေလိုမျိုး ကျနော်လည်းအနိုင်ရရှိချင်ပါတယ်။ သူသွင်းထားတဲ့ဂိုးအရေအတွက်နဲ့တူညီအောင် ကျနော်လည်းရချင်ပါတယ်” လို့ဖြေကြားသွားခဲ့ပါတယ်။   

(SO)






အခြားဆက်စပ်သတင်းများ