နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချဲလ်ဆီးကိုနိုင်ပြီးနောက် သူ့ရဲ့ဘောလုံးဒဿနကိုထုတ်ပြောလိုက်တဲ့ ဒေါက်တာနျူနို

ဒီဇင်ဘာ  ၂၁

ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်တဲ့ ချဲလ်ဆီးနဲ့ဝုဗ်တို့ပွဲစဉ်မှာနောက်ကျအနိုင်ဂိုးတွေနဲ့ဝုဗ်တို့ အဖိုးတန် ၃ မှတ် ရယူနိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာ နျူနိုက အသင်းရဲ့အခြေအနေတွေကိုသုံးသပ်သွားခဲ့သလို မတိမ်းမယိမ်း အနေအထားမှာ ရှိခဲ့တဲ့ပွဲရဲ့အတက်အကျတွေကိုလည်း မှတ်ချက်ပေးသွားခဲ့ပါတယ်။ နျုနိုက “စွမ်းဆောင် ရည်ကတော့ ကောင်းမွန်ခဲ့ပါတယ်။ ဦးဆောင်ဂိုးခွင့်ပြုလိုက်ရပြီးပြန်လည် တုံ့ပြန်တဲ့ပုံစံတွေကလလည်း ကောင်းမွန်ခဲ့တယ်ဗျ။ ချဲလ်ဆီးရဲ့ဂိုးကို ကျနော်တို့ပြန်လည်တုံ့ပြန်ခဲ့တဲ့ ပုံစံကမိုက်တယ်။ အထူးသဖြင့်တော့ အက်စတွန်ဗီလာနဲ့ပွဲရဲ့နောက်ဆုံးမိနစ်တုန်းက အနေအထားမျိုးကြုံတွေ့ပြီးတဲ့ နောက်မှာပေါ့။ ကျနော်တို့ ဗီလာနဲ့ရင်ဆိုင်ခဲ့တုန်းကလည်း အရမ်းကိုကောင်းမွန်တဲ့ပုံစံနဲ့ကစားခဲ့တာပါပဲ။ ဒီမှာတော့ ဒုတိယပိုင်းကစားပုံက အရမ်းကိုကောင်းမွန်ခဲ့ပါတယ်။ ကျနော်တို့က ကိုယ့်ရဲ့ကာရိုက်တာကို အမြဲတမ်းပြသနေတာပါ။ ကျနော်တို့မှာ အခြေအနေတွေ ကောင်းနေတာမျိုးလည်းရှိမယ်။ အခြေအနေတွေ အရမ်းကောင်းမနေတာမျိုးလည်း ရှိနေမှာပါပဲ။  ဘောလုံး ဆိုတာက နောက်ဆုံးဝီစီမမှုတ်မချင်းကစားရတဲ့ ကစားပွဲတစ်ခုလေ။ ဒါက အရမ်းကို အရေးကြီးတဲ့အရာပါပဲ။ အာရုံ စူးစိုက်မှုက တောက်လျှောက်ရှိနေတဲ့ ကာရိုက်တာမျိုးပေါ့။ ကျနော်တို့မှာ တစ်ဦးနဲ့တစ်ဦးကူညီထောက်ပံ့ရင်းနဲ့ အလုပ်အပေါ်ပေးဆပ်ထားနိုင်မှုမျိုးရှိထားတယ်။ ဒါကတော့ ကျနော်တွေးထားတဲ့ ကာရိုက်တာဆိုတာပါပဲ” လို့ ဝုဗ်တက္ကသိုလ်က ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ပေးအပ်ခြင်းခံခဲ့ရတဲ့ ဒေါက်တာနျူနိုက ပြောကြားသွားခဲ့ပါတယ်။  

(SO)






အခြားဆက်စပ်သတင်းများ