နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အဂူရို၏ ဒူးဒဏ်ရာမှာ ရာနှုန်းပြည့်ကောင်းမွန်ခြင်းမရှိသေးဟု မန်စီးတီးနည်းပြ ဂွါဒီယိုလာပြော

 ဒီဇင်ဘာ  ၂၀


မန်စီးတီးအသင်းတိုက်စစ်မှူးအဂူရို၏ ဒူးဒဏ်ရာအခြေအနေမှာ ရာနှုန်းပြည့်ကောင်းမွန်ခြင်းမရှိသေး ကြောင်း နည်းပြ ဂွါဒီယိုလာက ပြောကြားခဲ့သည်။ တိုက်စစ်မှူးအဂူရိုသည် ဒူးဒဏ်ရာကြောင့် ကာလရှည် အနားယူနေရပြီး ယင်းဒဏ်ရာကို ပြီးခဲ့သည့်ဇွန်လကတည်းက ခွဲစိတ်ကုသမှုခံယူထားရာ ဒဏ်ရာ အခြေအနေမှာ ရာနှုန်းပြည့်ကောင်းမွန်မှုမရှိသေးခြင်းဖြစ်သည်။

မန်စီးတီးအသင်းသည် အဂူရိုပါဝင်ကစားနိုင်ခြင်းမရှိသည့်အတွက် အသင်း၏ တိုက်စစ်ပိုင်းသိသာစွာ ကျဆင်းခဲ့ပြီး ဂိုးရရှိရန်လည်းရုန်းကန်နေရသည်။ အသက် ၃၂ နှစ်အရွယ်ရှိ အဂူရိုကလည်း ယင်း၏ဒဏ်ရာ အခြေအနေနှင့်ပတ်သက်ပြီး မည်သည့်ကာလအထိအနားယူရမည်ကို မခန့်မှန်းနိုင်သေးကြောင်းပြောကြား ခဲ့သည်။ အဂူရိုသည် မန်စီးတီးအသင်းတွင် ကစားခဲ့သည့် သက်တမ်းတစ်လျှောက် သွင်းဂိုးစုစုပေါင်း ၂၅၆ ဂိုး ထိ သွင်းယူပေးထားပြီး အသင်း၏သမိုင်း၌ သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နေသူဖြစ်သည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ