နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆွာရက်ဇ်အပေါ် အပြစ်တင်မှုအားလုံးကို တာဝန်ယူသွားတဲ့ ဆင်မြွန်နီ


ဒီဇင်ဘာ  ၂၀


 ပြီးခဲ့တဲ့ မက်ဒရစ်ဒါဘီမှာ အက်သလက်တီကို မက်ဒရစ်တို့ရှုံးနိမ့်ခဲ့ရတာကြောင့် အသင်းရဲ့ စွမ်းဆောင်ရည်ကို ပရိသတ်တွေဝေဖန်နေကြတဲ့အထဲမှာ ဝေဖန်မှုအများဆုံးခံနေရသူကတော့ တိုက်စစ်မှူး ဆွာရက်ဇ်ပဲဖြစ်ပါတယ်။ လူးဝစ်ဆွာရက်ဇ်နဲ့ ပတ်သက်လို့ မန်နေဂျာဆင်မြွန်နီက ပြန်လည်တုံ့ပြန်ပြောဆို လိုက်တာကို မာကာသတင်းစာကအခုလိုဖော်ပြထားပါတယ်။

 “ဆွာရက်ဇ်ထက်ပိုပြီး ဒီပွဲမှာ တာဝန်အရှိဆုံးလူက ကျွန်တော်ပဲဗျ။  ရောဂါကူးစက်ခံရပြီး ပြန်လာလာချင်း မှာပဲ သူ့ကို ကျွန်တော်တို့ ကစားခိုင်းခဲ့တယ်။ သူ့အတွက်အနားယူဖို့ အချိန်တောင်ပြန်မပေးခဲ့မိဘူး။ ဒါပေမဲ့ သူက ကျွန်တော်တို့အတွက် အရမ်းကိုအရေးကြီးတဲ့ ကစားသမားဖြစ်လာမယ့်သူပါ။  မနက်ဖြန်အတွက်ပဲ မျှော်လင့် ကြရအောင်ပါ။ ဒီအပတ်လေ့ကျင့်ရေးပြီးသွားရင် ကျွန်တော်တို့ အသင်းလိုအပ်နေတဲ့ ဘောလုံးသမားမျိုးကို ကျွန်တော်တို့ရှာဖွေသွားမှာပါ။ အဆုံးအဖြတ်ကစားသမားတစ်ယောက်ပေါ့။ အခုရှိနေတဲ့သူတွေထဲမှာ အကောင်းဆုံးဆိုတဲ့ ကစားသမားတွေထဲကတစ်ဦးပေါ့” လို့ သူကဆိုပါတယ်။ ဆင်မြွန်နီရဲ့ လက်ထောက် နည်းပြဟောင်းဖြစ်သူ ဂျာမန်လူမျိုး မိုနိုဘာဂေါ့စ်က ယခုနှစ်ရာသီ လာလီဂါဆုဖလားကိုဆွတ်ခူးဖို့ အက်သလက်တီကို မက်ဒရစ်က အဖြစ်နိုင်ဆုံးပဲလို့ပြောထားခဲ့တဲ့ မှတ်ချက်အပေါ် ထင်မြင်ချက်ပေးဖို့ မေးလာတဲ့အခါ အာဂျင်တီးနားနည်းပြကြီးက “ဒါတွေက ထင်မြင်ယူဆချက်တွေပါ။ ဂျာမန်သားက ကျွန်တော် တို့နဲ့အတူရှိခဲ့ဖူးတဲ့သူဆိုတော့ ကျွန်တော်တို့ တွေးခေါ်တဲ့ပုံစံတွေကို သိနေပြီးသားသူကိုးဗျ။ ကျွန်တော်တို့ရဲ့ အိုင်ဒီယာက တစ်ပွဲပြီးတစ်ပွဲ တစ်ပွဲချင်းပဲသွားတဲ့အိုင်ဒီယာဖြစ်ပြီး ဒီကနေ ကျွန်တော်တို့ ကျော်လွန်ပြီး စဉ်းစားသွားမှာမဟုတ်ပါဘူး”လို့ သူက လက်ရှိယှဉ်ပြိုင်မဲ့ပွဲစဉ်အပေါ်ကိုပဲ ပြောကြားသွားခဲ့ပါတယ်။ ဆင်မြွန်နီရဲ့အသင်းက အမှတ်ပေးဇယားထိပ်မှာ ၂၆ မှတ်နဲ့ရပ်တည်လျက်ရှိပါတယ်။                                  (SO)






အခြားဆက်စပ်သတင်းများ