နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထင်မထားတဲ့ဈေးနဲ့ လိုင်ပ်ဇစ်ကို ဆိုဘော့စ်ဇလိုင်း ရောက်သွားလို့ စိတ်ရှုပ်ထွေးခဲ့ရတဲ့ အာဆင်နယ်

 ဒီဇင်ဘာ  ၂၀


သြစတြီးယားကလပ် အာဘီဆော့လ်ဘာ့ဂ်မှာ ခြေစွမ်းပြနေတဲ့ ကွင်းလယ်ကစားသမား ဒေါမနစ်ဆိုဘော့စ် ဇလိုင်းကို အာဘီလိုင်ပ်ဇစ်တို့ဟာ အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒေါမနစ်ဟာ လိုင်ပ်ဇစ်ကို  ကနဦး တန်ဖိုး ပေါင် ၁၈ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာပါ။ သူ့အတွက် နောင်ဖြစ်လာမယ့်အပြောင်းအရွှေ့တိုင်းက တန်ဖိုး ၂၀ ရာခိုင်နှုန်းကို ဆော့လ်ဘာ့ဂ်တို့ ရရှိမှာဖြစ်ပါတယ်။ ဒေါမနစ်ဟာဆော့လ်ဘာ့ဂ်ကို ဇန်နဝါရီ ၂၀၁၈ ကစပြီး ရောက်ရှိခဲ့ကာ အသင်းနဲ့အတူ ပြိုင်ပွဲစုံ ၇၉ ပွဲကစားပြီး ၂၅ ဂိုးသွင်းယူခဲ့ပါတယ်။ ဒေါမနစ်ကို လာမယ့် ဇန်နဝါရီဈေးကွက်အတွက် အာဆင်နယ်တို့ရဲ့အဓိကပစ်မှတ်အဖြစ် စောင့်ကြည့်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီ သြစတြီးယားဘွန်ဒက်စ်လီဂါရဲ့ တစ်ရာသီလုံး အကောင်းဆုံးကစားသမားဆုရခဲ့တဲ့သူ့ကို မိုက်ကယ် အာတေးတာနဲ့ အားကစားဒါရိုက်တာအီဒူးတို့က ကွင်းလယ်မှာ လိုအပ်နေတဲ့ ဖန်တီးမှုနဲ့ ဂိုးသွင်းစွမ်းရည် အတွက် ဖြစ်နိုင်ခြေကွင်းလယ်ကစားသမားအဖြစ် သတ်မှတ်စောင့်ကြည့်ခဲ့ကြပါတယ်။ ဂန်းနားတို့ဟာ ဇန်နဝါရီမှာ သူ့ကိုခေါ်နိုင်ဖို့ ဘဏ္ဍာရေးအခြေအနေ နည်းလမ်းများကိုရှာဖွေခဲ့ကြပြီး သူ့ရဲ့စာချုပ်ဖျက်သိမ်း ကြေး ပေါင်၂၃ သန်းကိုပေးဖို့လည်း ဆန္ဒပြင်းပြခဲ့ကြပါတယ်။ 

ဒါပေမဲ့လည်း ဒေါမနစ်ဟာ လိုင်ပ်ဇစ်တို့နဲ့ ၂၀၂၅ အထိ ကာလရှည်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ ဖေဖော်ဝါရီမှာ ကန်ရမယ့် လီဗာပူးတို့နဲ့ ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်မှာပါဝင်ဖို့ တရားဝင်မှာဖြစ်ပါ တယ်။ “ထိပ်တန်းနည်းပြတစ်ဦးနဲ့ မယုံနိုင်လောက်အောင်ရည်မှန်းချက်ကြီးမားတဲ့၊ အလွန်ငယ်ရွယ်ပေမဲ့ အတွေ့အကြုံများစွာရရှိပြီးဖြစ်သလို အောင်မြင်မှုအချို့ကို အောင်ပွဲခံနိုင်စွမ်းပါရှိခဲ့ပြီးဖြစ်တဲ့ အသင်းဆီကို ကျွန်တော်လာခဲ့တာပါ။ ဒီမှာ ကိုယ့်ကိုယ်ကိုယ် ရှေ့ဆက်တိုးတက်လာဖို့ ကျွန်တော်လုပ်နိုင်မှာဖြစ်ပြီး ကလပ်က ၂၀၂၁ မှာလည်း သေချာပေါက်ဆက်လက်ပြီးအရမ်းအောင်မြင်နေအောင် ကျွန်တော် ကူညီပေးချင်ပါတယ်” လို့ ဒေါမနစ်က သူ့အပြောင်းအရွှေ့နဲ့ပတ်သတ်ပြီး ခံစားချက်ကို ပြောပြခဲ့ပါတယ်။ သူဟာ ဒေါ့မွန်တို့နဲ့ ကစားရမယ့် ဇန်နဝါရီ ၉ မှာ လိုင်ပ်ဇစ်တို့အတွက် ပွဲဦးထွက်ကစားဖို့ တရားဝင်မှာဖြစ်ပါတယ်။ အာဆင်နယ်တို့ကတော့ သူတို့သိထားတဲ့ စာချုပ်ဖျက်သိမ်းကြေးပေါင်၂၃ သန်းအောက် ၂၀ ရာခိုင်နှုန်း နီးပါးလျော့နည်းတဲ့ပမာဏနဲ့ လိုင်ပ်ဇစ်တို့ရသွားလို့ စိတ်ရှုပ်ထွေးသွားကြတယ်လို့ သိရပါတယ်။                                                          (SO)






အခြားဆက်စပ်သတင်းများ