နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုက်စစ်မှူးအောင်သူကိုထိုင်းကလပ် ဘူရီယမ်အသင်းသို့ ကန်ဒေါ်လာငါးသောင်းဖြင့် အပြီးသတ်ရောင်းချ

ဒီဇင်ဘာ ၁၉

ရတနာပုံအသင်းတိုက်စစ်မှူး အောင်သူကို ထိုင်းလိဂ်(၁)ကလပ်ဖြစ်သည့် ဘူရီယမ်အသင်းသို့ အမေရိကန် ဒေါ်လာ ၅၀၀၀၀(ငါးသောင်း)ဖြင့် အပြီးသတ်ရောင်းချလိုက်ပြီဖြစ်ကြောင်း ရတနာပုံအသင်းမှသတင်းထုတ်ပြန် ကြေညာလိုက်သည်။ ထိုင်းကလပ် ဘူရီယမ်အနေဖြင့် အောင်သူကိုခေါ်ယူရန် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ အတွင်းကတည်းက ရတနာပုံအသင်းထံ တရားဝင်ကမ်းလှမ်းလာခဲ့ခြင်းဖြစ်ပြီး နှစ်ဘက်တာဝန်ရှိသူများ အကြားဆွေးနွေးမှု များပြုလုပ်ကာ ယခုကဲ့သို့ ရောင်းချခဲ့ခြင်းဖြစ်သည်။

တိုက်စစ်မှူးအောင်သူအနေဖြင့် ထိုင်းလိဂ်(၁)ကလပ် ဘူရီယမ်အသင်းနှင့် ၂ နှစ်ခွဲစာချုပ်ချုပ်ဆိုမည် ဖြစ်ပြီး လက်ရှိအချိန်တွင် ထိုင်းလိဂ်(၁)ကလပ် ဘူရီယမ်အသင်းနှင့် ပူးပေါင်းကာအသေးစိတ်ဆွေးနွေးမှုများကို ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။

ဘူရီယမ်အသင်းသည် ထိုင်းလိဂ်(၁)ပြိုင်ပွဲ၏ အဆင့်(၅)နေရာတွင် ရပ်တည်လျက်ရှိသော အသင်းဖြစ်ပြီး အောင်သူအနေဖြင့် ထိုင်းကလပ်အသင်းများဖြစ်သော Police Tero, Muangthong United အသင်းတို့တွင် ကစားခဲ့ဖူးပြီးဖြစ်သည့်အတွက် ဘူရီယမ်အသင်းသည် ၎င်း၏ တတိယမြောက်ထိုင်းကလပ်အသင်းဖြစ်လာခဲ့ ကြောင်းသိရသည်။

(KST)






အခြားဆက်စပ်သတင်းများ