နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖီဖာ အကောင်းဆုံးဆုတွေ ရဲ့ မဲရလဒ်တွေ ထွက်ပေါ်

ဒီဇင်ဘာ ၁၉

၂၀၂၀ ခုနှစ်အတွက် ဖီဖာအကောင်းဆုံးဆုတွေကို ကြာသပတေးညကပဲ တရားဝင်ကြေငြာကာ ချီးမြှင့် သွားခဲ့ပြီဖြစ်ပါတယ်။ အကောင်းဆုံးကစားသမားဆုကိုတော့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှုး လီဝန်ဒေါ့စကီးက မဲအပြတ်အသတ်နဲ့ဆွတ်ခူးသွားခဲ့ပြီး၊ ဒုတိယနေရာမှာတော့ ရော်နယ်ဒို-၅၂မှတ်၊ တတိယနေရာမှာ မက်ဆီ-၃၈ မှတ်တို့က အသီးသီးရပ်တည်သွားခဲ့ပါတယ်။

အကောင်းဆုံးမန်နေဂျာကိုတော့ ဘိုင်ယန်မြူးနစ်နည်းပြ ဟန်ဆီဖလစ်က ရယူနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပေမယ့်၊ တကယ့်လက်တွေ့မှာတော့ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ဆွတ်ခူးသွားခဲ့ပါတယ်။ ဟန်ဆီဖလစ်ဟာ ဂျာနယ်လစ်တွေနဲ့ ပရိသတ်တွေကမဲတွေမှာ အသာစီးရခဲ့ပေမယ့်၊ နိုင်ငံ့လက်ရွေးစင်နည်းပြတွေနဲ့ အသင်းခေါင်းဆောင်တွေကပေးအပ်ခဲ့တဲ့ မဲတွေမှာတော့ ကလော့ပ်ကပဲ အသာရခဲ့တာပါ။ နှစ်ယောက်စလုံးရဲ့ ရလဒ်ဟာ ၂၄ မှတ်စီတူညီလို့ နေခဲ့ပါတယ်။ ဖီဖာအကောင်း ဆုံးရွေးချယ်ရေးကော်မတီက ပြဌာန်းထားတဲ့အပိုဒ် ၁၂ ပါ အရတော့ ၊ နည်းပြ ၂ ယောက်ဟာ ရမှတ်တူနေခဲ့ရင်၊ နိုင်ငံ့လက်ရွေးစင်နည်းပြတွေက ပေးတဲ့မဲရလဒ်ကိုပြန်ကြည့်ကာ အနိုင်အရှုံးရလာဒ်ကို ဆုံးဖြတ်မှာဖြစ်တယ် လို့ဖော်ပြထား တာကြောင့် ယာဂန်ကလော့ပ်ဟာ ဟန်ဆီဖလစ်ကို ရမှတ်တူအနေအထားနဲ့ အသာစီးရရှိ သွားတာ ဖြစ်ပါတယ်။တတိယနေရာကတော့ ၁၁ မှတ်နဲ့ဘီရယ်ဆာကရပ်တည်နေပါတယ်။ အကောင်းဆုံး ဂိုးသမားဆုမှာတော့ ဘိုင်ယန်ဂိုးသမား နူအာက (၂၈မှတ်)နဲ့ဆွတ်ခူးရရှိသွားပါတယ်။

 လီဗာပူးဂိုးသမား အလီဆွန် ၂၀ မှတ်ဖြစ် ဒုတိယရကာ အေတီကို ဂိုးသမား အော့ဘလက် ကတော့ ၁၂ မှတ် တတိယနေရာမှာပဲရပ်တည်ခဲ့တာပါ။ ဖီဖာအကောင်းဆုံးသွင်းဂိုးဆု ရပ်တည်မှုအနေအထားမှာ၂၄မှတ်နဲ့ ဆွန်ဟောင်မင်ကရရှိပြီး ၂၂ မှတ်နဲ့ အာရတ်စကာတေးတားက ဒုတိယနဲ့ ၂၀ မှတ်နဲ့ လူးဝစ်ဆွာရက်က တတိယနဲ့ ရပ်တည်ခဲ့ကြပါတယ်။ အမျိုးသမီးအကောင်းဆုံးကစားသမားဆု ရပ်တည်မှုအနေအထားမှာ ၅၂ မှတ်နဲ့ ဘူစီဘရွန်ဇီကရရှိပြီး ၄၀ မှတ်နဲ့ ဟာဒါက ဒုတိယ၊ ၃၅ မှတ်နဲ့ ရီနတ်က တတိယနဲ့ ရပ်တည်ခဲ့ကြပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ