နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေးတိုင်းဒေသကြီး)မှ အခမဲ့ဖျားနာ ရောဂါစစ်ဆေးကုသည့် ဆေးခန်းများဖွင့်လှစ်မှု သုံးသပ်ဆွေးနွေး၊ ကျန်းမာရေးပစ္စည်းများလှူဒါန်း

မန္တလေး   ဒီဇင်ဘာ   ၁၈

မြန်မာနိုင်ငံဆရာဝန်အသင်း (မန္တလေးတိုင်းဒေသကြီး)နှင့် စေတနာဆရာဝန်များပူးပေါင်း၍ မန္တလေးခရိုင် အတွင်း အောင်မြေသာဇံ၊ ချမ်းအေးသာစံနှင့်ချမ်းမြသာစည်မြို့နယ်များတွင် အခမဲ့ဖျားနာကုဆေးခန်းဖွင့်လှစ် ခဲ့မှု သုံးသပ်ခြင်းနှင့်မဟာအောင်မြေမြို့နယ်တွင် အခမဲ့ဆေးခန်းဖွင့်လှစ်ရေးညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၁ရ ရက် မွန်းလွဲ ၁ နာရီက ချမ်းအေးသာစံမြို့နယ် ၃၁ လမ်းရှိ မြန်မာနိုင်ငံဆရာဝန်အသင်း (မန္တလေးတိုင်းဒေသကြီး) ရတနာပုံခန်းမတွင်ကျင်းပသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေးတိုင်းဒေသကြီး)ဥက္ကဌ ပါမောက္ခဒေါက်တာ ခင်မောင်မြင့်က အဖွင့်အမှာစကားပြောကြားပြီး ကိုရိုနာဗိုင်းရပ်ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့ဥက္ကဌ ဒေါက်တာခင်မောင်ကျော်က မန္တလေးခရိုင်အတွင်းပိုးတွေ့လူနာများတွေ့ရှိရမှု များပြားလာသဖြင့် အခမဲ့ဖျားနာကုဆေးခန်းများတိုးချဲ့ဖွင့်လှစ်နိုင်ရေးပြင်ဆင်ဆောင်ရွက်မှုများကို တင်ပြသည်။ ထိုနောက်မြန်မာနိုင်ငံဆရာဝန်အသင်း အမှုဆောင်များကအကြံပြုဆွေးနွေးကြသည်။ ဆက်လက်၍ မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေးတိုင်းဒေသကြီး)သို့ Dato KyaThiHninကN95 နှာခေါင်းစည်းများ အခု ၂ဝဝ ကိုလည်းကောင်း၊ မန္တလေးမြို့ လေအေးစက်ပြုပြင် ထိန်းသိမ်းရေးအသင်းဥက္ကဌဦးသိန်းတန်က လေအေးစက်(၁)လုံး ကိုလည်းကောင်း၊ PSI မြန်မာမှ PPE ဝတ်စုံ ၁၅ဝအားလည်းကောင်း လှူဒါန်းရာ မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေးတိုင်းဒေသကြီး)ဥက္ကဌကလက်ခံရယူ ပြီး ဂုဏ်ပြုလွာပေးအပ်သည်။

မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေးတိုင်းဒေသကြီး)နှင့် စေတနာဆရာဝန်များပူးပေါင်းကာ ဖျားနာ ကုဆေးခန်း Fever Clinic ကို ချမ်းမြသာစည်မြို့နယ် ထွန်တုံးဒေသန္တရဆေးခန်း၊ အောင်မြေသာဇံမြို့နယ် ၁၂ လမ်း မြို့နယ်ကျန်းမာရေးဦးစီးမှူးရုံးနှင့်ချမ်းအေးသာစံမြို့နယ် ဗြဟ္မစိုရ်လူမှုရေးအသင်းတို့တွင်ဖွင့်လှစ်ပြီး ဖျားနာလူနာ များကို  အခမဲ့ကျန်းမာရေးစစ်ဆေးကုသပေးခဲ့သည်။

မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ