နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြစ်သားမြို့နယ် ကင်းတားဆည်ရေဝင်ရောက်မှုလျော့နည်း နွေစပါး နွေသီးနှံစိုက်ပျိုးရေ မပေးဝေနိုင်

မြစ်သား  ဒီဇင်ဘာ   ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်း မိုးရာသီကာလမိုးရွာသွန်းမှု နည်းပါးမှုကြောင့် မြစ်သား မြို့နယ်ရှိ ကင်းတားဆည်တွင်ရေဝင်ရောက်မှုနည်းပါးပြီး ဒီဇင်ဘာလအတွင်း ကန်ရေလှောင်ပမာဏမှာ ဧကပေတစ်သိန်းကျော်သာရှိကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။ လျှပ်စစ်ထုတ်လုပ်နိုင်သော ကန်ရေလှောင်ပမာဏ Minimun Operation Level အောက်နိမ့်ကျနေ၍ စိုက်ပျိုးရေပေးဝေသော Irrigation Outlet-Gate Chamber ရေတံခါးများမှသာ ရေပေးဝေရသည်။ ၂၀၂၁ခုနှစ်       စိုက်ပျိုးရာသီတွင် နွေစပါး၊ နွေသီးနှံများကို စိုက်ပျိုးရေမပေးဝေနိုင်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနမှ အသိပေးထားသည်။  

မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ