နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခေတ်သစ်ဖောင်ဒေးရှင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမြို့နယ်များတွင် ဖွင့်လှစ်ပေးထားသည့် Fever Clinic ရှိ ကျန်မာရေးဝန်ထမ်းများအတွက် ကျန်မာရေးအာမခံလှူဒါန်းပေးခဲ့

ရန်ကုန်   ဒီဇင်ဘာ ၁၈

COVID-19 ဗိုင်းရပ်စ်ကိုခုခံကာကွယ်ပေးနေကြသည့် ရှေ့တန်းမှခံစစ်မှုးများအနေဖြင့် ကျန်းမာပျော်ရွှင်ဖို့ လိုသလိုစိတ်အေးချမ်းသာစွာ တာဝန်ထမ်းဆောင်နိုင်စေရန်ကလည်း အရေးကြီးသည့်အချက်ဖြစ်သည်။ ကိုဗစ်ကာလတွင် အများပြည်သူများအတွက် အသက်ကိုပဓာနမထားဘဲ ကိုယ်ကျိုးစွန့်အနစ်နာခံဆောင်ရွ် နေကြသူများအတွက် မတော်တဆဆိုတာမျိုးဖြစ်ပွားခဲ့ပါက တစ်ဖက်တစ်လမ်းမှ ကောင်းမွန်ထိရောက်သည့် အထောက်အပံ့များ ရရှိစေရန်လည်းအရေးကြီးသည့် အချက်ဖြစ်သည်။ ရှေ့တန်းမှခုခံကာကွယ်ပေးနေသူများ အတွက် လိုအပ်နေသော ကျန်းမာရေးအာမခံကို ခေတ်သစ်ဖောင်ဒေးရှင်းမှ ဒီဇင်ဘာ ၁၆ ရက်တွင် လှူဒါန်းပေး ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖောင်ဒေးရှင်းက အင်းစိန်မြို့နယ်၊ လှိုင်မြို့နယ်၊ ဒဂုံတောင်မြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ မှော်ဘီ မြို့နယ်နှင့် ဗဟန်းမြို့နယ်တို့တွင် ဖွင့်လှစ်ထားသော Fever Clinic ရှိ ကျန်းမာရေးဝန်ထမ်းဆရာဝန်၊ ဆရာမ များနှင့် စေတနာ့ဝန်ထမ်းစုစုပေါင်း (၈၇)ယောက်အတွက် ပထမအကြိမ်အဖြစ် ကျန်းမာရေးအာမခံပေးလှူခဲ့ ခြင်းဖြစ်သည်။
ခေတ်သစ်ဖောင်ဒေးရှင်းသို့ ယုံကြည်စွာဖြင့်လှူဒါန်းပေးကြသည့် အလှူရှင်များကိုလည်း ခေတ်သစ် ဖောင်ဒေးရှင်းမှ ဆုမွန်ကောင်းတောင်း ပေးထားသေးသည်။                               

(WP)






အခြားဆက်စပ်သတင်းများ