နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်တွင်း COVID-19 ခရီးသွားလာရေးအကြံပေးချက်နှင့်ကန့်သတ်ချက်များကို Air KBZ က မျှဝေပေးထား

ရန်ကုန်    ဒီဇင်ဘာ ၁၈

ခရီးသွားမိဘပြည်သူများ၏ နေရပ်ဒေသအသီးသီးသို့  ပြန်ရန်နှင့်မဖြစ်မနေခရီး သွားလာရန်စသည့် အရေးပေါ်လိုအပ်ချက်များအတွက် Air KBZ အနေဖြင့် ဒီဇင်ဘာလ ၁၆ ရက်နေ့မှစ၍ ပြည်တွင်းခရီးစဉ်အချို့ကို ပြေးဆွဲပေးလျက်ရှိရာAir KBZ တွင် စီးနင်းလိုက်ပါမည့် ခရီးသည်များအတွက် ပြည်တွင်းခရီးသွားအကြံဉာဏ် ဖြင့် ကန့်သတ်ချက်များကို မျှဝေပေးထားသည်။ ဧည့်ခရီးသည်များကိုခရီးသွားရန်၊ QUARANTINE နှင့်အခြား ခရီးသွားလုပ်ငန်းများကို အချိန်တိုင်းပြီးစီးအောင်ဆောင်ရွက်ရန်တိုက်တွန်းထားသည်။

 MOHS & Authorities မှ အကြံပြုထားသော COVID-19 RDT စစ်ဆေးမှုရလဒ်များကို စစ်ဆေးရန်နှင့်နောက်ဆုံးသွားလာမည့်နေရာသို့ရောက်ရှိရန်အကြံပြုချက်များအပေါ် Air KBZ ကို စီးနင်းမည့်ဧည့်သည်များအားလုံးအတွက် အကြံပြုထားသည်။ ပြည်တွင်းလေယာဉ် ကိုဗစ်-19 ခရီးသွားအကြံပေး၊ စံပြလုပ်ငန်းဆောင်ရွက်မှု - SOP နှင့်ဆေးခန်းစီမံခန့်ခွဲမှု လမ်းညွှန်ချက်များကို MOHS နှင့်အခြားသက်ဆိုင်ရာအာဏာပိုင်များက စစ်ဆေးရမည်ဖြစ်သည်။  

စံပြလုပ်ငန်းစဉ် - SOPအတွက် ဖော်ပြပါလင့်ခ် https://www.facebook.com/199295433433103/posts/4046636478698960/ ?extid=0&d=n ထဲတွင် ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ပြီး COVID-19 အတွက် ဆေးခန်းဆိုင်ရာ စီမံခန့်ခွဲမှုလမ်းညွှန် ချက်များနှင့်ပတ်သက်ပြီး  သိလိုပါကဖော်ပြပါလင့်ခ်   https://www.facebook.com/199295433433103/    posts/4048867485142526/?extid=0&d=n ထဲတွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီ ဖြစ်သည်။
 
အကြောင်းတစ်စုံတစ်ရာကြောင့်  Online Travel Agents (OTA) အပါအဝင်  Travel Agents (အရောင်းကိုယ်စားလှယ်များ) မှ တစ်ဆင့်လက်မှတ်ဝယ်ယူထားသည့်ခရီးသည်များအနေဖြင့် ရက်အပြောင်း အလဲပြုလုပ်ခြင်းနှင့်ပြန်အမ်းငွေလျှောက်ထားခြင်းများကို သက်ဆိုင်ရာအရောင်းကိုယ်စားလှယ်များမှတစ်ဆင့် လျှောက်ထားနိုင်ပြီဖြစ်သည်။

(WP)






အခြားဆက်စပ်သတင်းများ