နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရှုံးတာတောင်‘အကောင်းဆုံး အသင်း ရှုံးနိမ့်ခဲ့တယ်’လို့ ဆိုလိုက်တဲ့ မော်ရင်ညို

ဒီဇင်ဘာ ၁၈

ဗုဒ္ဓဟူးညက လီဗာပူးတို့ တော့တင်ဟမ်ကို အန်ဖီးမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူခဲ့ပြီးနောက် သူ့အသင်းဟာ အနိုင်ရလဒ်နဲ့ထိုက်တန်မှုရှိပြီး ဒီကစားပုံအတွက် အရမ်းကိုကျေနပ်မိတယ်လို့ဆိုလိုက်ပါတယ်။ ကလော့ရဲ့ အသင်းဟာ ပွဲစကတည်းက အခွင့်အရေးကောင်းတွေ ဖန်တီးနိုင်ခဲ့ကာ ပွဲချိန် ၂၆ မိနစ်မှာ ဆာလာက ဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ်။ ဒါပေမယ့် ၃၃ မိနစ်မှာ ဆွန်ဟောင်မင်က တန်ပြန်တိုက်စစ်ကနေတစ်ဆင့် ချေပဂိုးသွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ စပါးတို့ အခွင့်အရေးကောင်းတွေရခဲ့ပေမယ့်လည်း ကိန်းနဲ့ ဘာဝင်တို့ အသုံးမချနိုင်ခဲ့သလို မာနေးရဲ့ ကန်ချက်ကလည်း တိုင်ထိသွားခဲ့တာကြောင့် သရေနဲ့ပဲ ပွဲပြီးသွား လိမ့်မယ်လို့ထင်မှတ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အန်ဒီရောဘတ်ဆန်ရဲ့ ထောင့်ကန်ဘောကို ရော်ဘတ်တို ဖာမီနိုက မိနစ် ၉၀ မှာ အနိုင်ဂိုးကိုခေါင်းတိုက်သွင်းယူပေးခဲ့တာကြောင့် လီဗာပူးဟာ ပရီးမီးယားလိဂ် ဇယားထိပ်မှာ ၃ မှတ်အသာနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

အဆိုပါပွဲအပြီးမှာ မော်ရင်ညိုက “အကောင်းဆုံးအသင်းကရှုံးနိမ့်ခဲ့တယ်လို့ ကျွန်တော် ကလော့ကို ပြောခဲ့ပါတယ်။ သူကတော့ ဒါကို သဘောမတူခဲ့ပါဘူး။ ဒါဟာ သူ့ရဲ့ ထင်မြင်ချက်ပါပဲ” လို့ ဆိုခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကလော့က “ကျွန်တော်တို့ တကယ့်ကို ခက်ခဲတဲ့ကာလကိုကျော်ဖြတ်နေရပါတယ်။ ဒီလို အခြေအနေကြားမှာ ကျွန်တော်တို့ ဒီည ယခုလိုမျိုးကစားသွားခဲ့တဲ့ပုံစံဟာ တကယ့်ကိုပြောင်မြောက်ပါ တယ်။ ပွဲကောင်းဖြစ်ခဲ့ပြီး ထိပ်တန်းအသင်း၊ စုစည်းမှုကောင်းမွန်ကာ တန်ပြန်တိုက်စစ်ကနေ များစွာ ခြိမ်းခြောက်နိုင်တဲ့ အသင်းနဲ့ပွဲမှာ ကျွန်တော်တို့ အနိုင် ၃ မှတ်နဲ့ထိုက်တန်မှုရှိပါတယ်။ ဒီရာသီနောက်ကျဂိုး တွေနဲ့ အနိုင်ရတာသိပ်အများကြီးမရှိခဲ့ပါဘူး။ လိုအပ်မယ်ဆိုရင် နောက်ကျဂိုးဟာ ကျွန်တော်တို့အတွက် ပြဿနာမရှိပါဘူး။ စပါးကလည်း အခွင့်အရေးတွေ ရခဲ့ပါတယ်။ သူတို့ရဲ့ သွင်းဂိုးမှာဆိုရင် ကျွန်တော်တို့ သိပ်ပြီး ကံမကောင်းခဲ့ပါဘူး။ ကျွန်တော်တို့အနေနဲ့ ကိန်းနဲ့ ဆွန်တို့ကို မိနစ် ၉၀ လုံးလုံး ထိန်းချုပ်မထားနိုင်ပါဘူး။ ဆွန်နဲ့ ဘာဝင်တို့ရဲ့ ပြေးအားဟာ မယုံနိုင်စရာပါဘဲ။

ဒါပေမယ့် ကျွန်တော်တို့ဟာ ပွဲချိန်အများစုမှာ ပွဲကို ထိန်းချုပ်ထားခဲ့ပြီး ကျွန်တော်တို့ရဲ့လုပ်ဆောင်ပုံတွေ အားလုံးကောင်းခဲ့ပါတယ်။ သူတို့ဟာ ခံစစ်ကို ပိတ်ကစားကာ အမြင့်ဘောတွေ အားလုံးဖျက်ထုတ်နိုင်ခဲ့တာကြောင့် ကျွန်တော်တို့ရဲ့ အားထုတ်မှုတိုင်းက အခွင့်အရေးကောင်းတော့မဖြစ်ခဲ့ပါဘူး။ ဒါ့ကြောင့် ကျွန်တော့်ကောင်လေးတွေ အခြားနည်းလမ်းတွေနဲ့ ဖန်တီးမှုတွေလုပ်သွားခဲ့ရပါတယ်။ ပထမဂိုးမှာ ကျွန်တော်တို့ရဲ့ force လုပ်မှုကောင်းခဲ့ပြီး set-piece ကနေ ရခဲ့တဲ့ ဒုတိယဂိုးကလည်း အရမ်းကောင်းပါတယ်” လို့ ပြောသွားပါတယ်။                                             

 (SO)






အခြားဆက်စပ်သတင်းများ