နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘိုင်ယန်မြူးနစ်အသင်းခံစစ်ကစားသမားအလာဘာကိုခေါ်ယူရန် မန်ယူအသင်းစီစဉ်

ဒီဇင်ဘာ ၁၈

ဘိုင်ယန်မြူးနစ်အသင်းခံစစ်ကစားသမား အလာဘာကိုခေါ်ယူရန် မန်ယူအသင်းက စီစဉ်နေကြောင်း သိရသည်။ မန်ယူအသင်းသည် အသင်းခံစစ်ပိုင်းကိုပြင်ဆင်ရန်အတွက် ငွေကြေးသုံးစွဲမှုများပြုလုပ်ထားသော် လည်း မာကျောသည့် ခံစစ်ပုံစံ  မရရှိသေးသည့်အတွက် ခံစစ်ပိုင်းကိုအင်အားထပ်မံဖြည့်တင်းရန် စီစဉ်နေခြင်း ဖြစ်ပြီး အလာဘာကို မြင့်မားသည့်လုပ်ခလစာဖြင့် ခေါ်ယူသွားဖွယ်ရှိသည်။

ဘိုင်ယန်မြူးနစ်အသင်းက အသက် ၂၈ နှစ်အရွယ်ရှိ အလာဘာကို စာချုပ်သစ်ချုပ်ဆိုမည်မဟုတ်သည့် အတွက် လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် စတာလင်ပေါင် သန်း ၃၀ ထက်နည်းသောပမာဏဖြင့် အသင်းမှ ထွက်ခွာခွင့်ပြုသွားမည်ဖြစ်သည်။ အလာဘာကို မန်ယူအပြင် ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာနှင့် ချဲလ်ဆီးအသင်းတို့ကပါ ခေါ်ယူရန်စိတ်ဝင်စားနေခြင်းကြောင့် ယင်းအနေဖြင့် လုပ်ခလစာမြင့်မားစွာကမ်းလှမ်း သောအသင်းကို ရွေးချယ်ဖွယ်ရှိနေသည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ