နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိမ်ကွင်းအနိုင်မကစားနိုင်တဲ့ အာဆင်နယ် သရေနဲ့သာကျေနပ်ခဲ့ရ

ဒီဇင်ဘာ ၁၈

ဗုဒ္ဓဟူးနေ့ နံနက်အစောပိုင်းမှာကစားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ဆောက်သမ်တန်အသင်းပွဲဟာ တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျသွားခဲ့ပါတယ်။ ဆောက်သမ်တန်အသင်းဟာ ပထမပိုင်းမှာ ဂန်းနားဟောင်း သီယိုဝဲလ်ကော့က ချီအဒမ်ရဲ့ ပေးပို့မှုကနေရရှိလာတဲ့အခွင့်အရေးကို အကောင်းဆုံးအသုံးချကာ ဆောက်သမ်တန်အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ဒါပေမယ့် ဒုတိယပိုင်းမှာ ဘန်လေနဲ့ပွဲက ကိုယ့်ဂိုးကိုယ်သွင်းမိတာကြောင့် လှောင်ပြောင်မှုတွေခံခဲ့ရတဲ့ အူဘာမီယန်းဟာ ဒီပွဲမှာတော့ သွင်းဂိုးပြန်လည် ရရှိခဲ့တာကြောင့် ဒီရာသီပရီးမီးယားလိဂ် သွင်းဂိုး ၃ ဂိုးမြောက်ဖြစ်ပြီး အူဘာမီယန်းဟာ အန်ခီးတီးယားရဲ့ ပေးပို့မှုကို ညာခြေနဲ့ ဝေ့ဝိုက်ကန်သွင်းပြီး နိုဝင်ဘာလ ၁ ရက်နေ့ နောက်ပိုင်း သွင်းဂိုးပျောက်ဆုံးနေမှုကို အဆုံးသတ်ခဲ့ကာ အာဆင်နယ်အတွက် အူဘာမီယန်းက ချေပဂိုးတစ်ဂိုးပြန်သွင်းခဲ့ပါတယ်။ ပွဲချိန် ၆၂ မိနစ်မှာ ဝဲလ်ကော့ကို တားဆီးရင်း ၂ ဝါ ၁ နီနဲ့ ဂါဘရီယဲလ်အထုတ်ခံရတာကြောင့် အာဆင်နယ်တို့ တစ်ယောက်လျော့နဲ့ ကစားခဲ့ရပေမယ့် ဂိုးထပ်မပေးရအောင် ကစားနိုင်ခဲ့ပီး သရေတစ်မှတ်ရယူနိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ အာဆင်နယ်နည်းပြ အာတီတာဟာ ပွဲပယ်ပြစ်ဒဏ်ကနေလွတ်မြောက်လာတဲ့ ပေပေနဲ့ အန်ခီတီးယားတို့ကို အူဘာမီယန်းနဲ့အတူ ပွဲထွက်ကစားစေခဲ့ပါတယ်။
 
ပထမပိုင်းမှာ ပေပေရဲ့ ကန်ချက်တွေနဲ့ ဆောက်သမ်တန် ဂိုးပေါက်ကိုခြိမ်းခြောက်နိုင်ခဲ့ပြီး အန်ခီတီးယား ဟာလည်း တိုက်စစ်နဲ့အချိတ်အဆက်မိအောင်ကစားနိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းကစားသမားတွေဟာ နောက်ဆုံး နှစ်ပွဲဆက် အနီကတ်ပြသခံရတာဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ ငါးပွဲမှာ အနီကတ် ၃ ကြိမ်အထိ ရှိနေပါတယ်။ အာတီတာ စတင်ကိုယ်တွယ်ကတည်းက အာဆင်နယ်အသင်း ကစားသမားတွေဟာ အနီကတ် ၇ ကြိမ်အထိပြသခံထားရပြီး တခြားအသင်းတွေထက် နှစ်ဆနီးပါးပိုများနေပါတယ်။

အာဆင်နယ်အသင်း ပိုင်ရှင်တွေဘက်က နည်းပြ အာတီတာကို အားပေးထောက်ခံနေဆဲဖြစ်ပေမယ့် ဂန်းနားတို့ အိမ်ကွင်းနိုင်ပွဲ မရတာ ၆ ပွဲဆက်ရှိပါပြီ။ နောက်လာမယ့်ပွဲတွေမှာ အာဆင်နယ်ဟာ အသင်းကောင်းတွေနဲ့ တွေ့ဆုံရမှာဖြစ်ပြီး အဲဗာတန်၊ မန်စီးတီး၊ ချဲလ်ဆီးတို့နဲ့ ဆက်တိုက်ကစားရမှာပါ။ အဆိုပါပွဲစဉ်တွေဟာ အာတီတာရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမယ့်ပွဲတွေဖြစ်လာဖို့ရှိနေပါတယ်။   

(SO)






အခြားဆက်စပ်သတင်းများ