နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ငှက်ဖျားရောဂါကို လုံးဝတားဆီးကာကွယ်ပေးသည့် ပိုးမွှားတစ်မျိုး တွေ့ရှိ

မေ ၅၊ နိုင်ရိုဘီ

ခြင်များကို ငှက်ဖျားရောဂါ ကူးစက်ခံရခြင်းမှ လုံးဝကာကွယ်ပေးနိုင်မည့် ပိုးမွှားတစ်မျိုးကို သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိခဲ့သည်။ ယခုတွေ့ရှိမှုမှာ ငှက်ဖျားရောဂါကို ထိန်းချုပ်နိုင်ရန် အလွန်အလားအလာရှိကြောင်း ကင်ညာနှင့် ဗြိတိန်နိုင်ငံမှ အဖွဲ့က ပြောသည်။ ငှက်ဖျားရောဂါမှာ ရောဂါပိုးသယ်ဆောင်လာသည့် ခြင်ကိုက်ခံရခြင်းမှတစ်ဆင့် ရောဂါကူးစက်ခံရခြင်းဖြစ်သည်။ ထို့ကြောင့် ခြင်များကို ငှက်ဖျားရောဂါ ကူးစက်မည့်ဘေးမှ ကာကွယ်ပေးခြင်းအားဖြင့် လူသားများကို ငှက်ဖျားရောဂါမှ ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ ကင်ညာနိုင်ငံရှိ ဗစ်တိုးရီးယားရေကန်ကမ်းခြေမှ ခြင်များကို လေ့လာရာတွင် ငှက်ဖျားရောဂါကို တားဆီးပေးနိုင်သည့် ပိုးမွှား(Microsporidia MB)ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါပိုးမွှားမှာ ခြင်များ၏ အူနှင့် မျိုးပွှားအင်္ဂါများတွင် ရှင်သန်နေကြောင်း တွေ့ရသည်။ အဆိုပါပိုးမွှားရှိသည့် ခြင်များတွင် ငှက်ဖျားရောဂါဖြစ်စေသည့် ကပ်ပါးကောင်များ မတွေ့ရပေ။  ဓာတ်ခွဲခန်းတွင် စမ်းသပ်မှုများအရ အဆိုပါပိုးမွှားမှာ ခြင်များကို ငှက်ဖျားရောဂါမှ ကာကွယ်ပေးထားကြောင်း အတည်ပြုနိုင်ခဲ့သည်။ ငှက်ဖျားရောဂါပိုး သယ်ဆောင်ထားသည့် ခြင်များကို တောထဲသို့ ပြန်လွှတ်ပေးခြင်း ရှိ၊ မရှိ သို့မဟုတ် မျိုးပွားဆဲလ်များ အသုံးပြု၍ ရောဂါနှိမ်နင်းနိုင်ခြင်း ရှိ၊ မရှိကို သုတေသီများက စစ်ဆေးလျက်ရှိသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ