နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချန်ပီယံလိဂ် winner ဖြစ်မယ့်အသင်းကို အံ့အားသင့်စရာကောင်းအောင်ခန့်မှန်းလိုက်တဲ့ စူပါကွန်ပျူတာ

ဒီဇင်ဘာ ၁၇


ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်တွေ ထွက်ပေါ်လာအပြီးမှာ စူပါကွန်ပျူတာဟာ ဒီရာသီ ဥရောပမှာ ချန်ပီယံဖြစ်မယ့်အသင်းကို ခန့်မှန်းသွားခဲ့ပါတယ်။ Data တွေကို သုတေသနပြုလုပ်နေတဲ့ FiveThirty Eight ဟာ တိုက်စစ်နဲ့ ခံစစ်အချက်အလက်တွေအပြင် အခြား data တွေနဲ့နောက်ဆုံးရတဲ့ အချက်အလက်တွေအပေါ်အခြေခံကာ ရှုံးထွက်အဆင့်ကို တက်ရောက်လာခဲ့တဲ့ အသင်း ၁၆ သင်းရဲ့ဖလား ဆွတ်ခူးနိုင်မယ့်အခွင့်အရေးကို တွက်ချက်ပေးခဲ့ပြီး အံ့သြစရာရလဒ်တချို့ထွက်လာခဲ့ပါတယ်။ စူပါကွန်ပျူတာ က ပက်ဂွာဒီယိုလာရဲ့အသင်းဟာ ဗိုလ်စွဲဖို့အတွက် ရေပန်းအစားဆုံးလို့ တွက်ချက်ခဲ့ပါတယ်။ စီးတီး (၂၆ %) ဟာ ဒီရာသီပရီးမီးယားလိဂ်မှာ အနည်းငယ်ရုန်းကန်နေရတာကြောင့် လက်ရှိ ဥရောပချန်ပီယံကိုကျော်ကာ ဒီလိုတစ်ပေးခဲ့တာဟာ အနည်းငယ်အံ့အားသင့်စရာပါပဲ။ 

ဘိုင်ယန်ဟာ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာကို ဂိုးပြတ် လီယွန်၊ ပီအက်ဂျီတို့ကိုကျော်ဖြတ်ကာ ဗိုလ်စွဲ နိုင်ခဲ့ပြီး ဒီရာသီမှာလည်း ပုံစံကောင်းကို ဆက်လက်ပြသနေပေမယ့်လည်း ၎င်းတို့ရဲ့ ဗိုလ်စွဲနိုင်မယ့် အခွင့်အရေးဟာ ၁၉ % ထိကျဆင်းသွားခဲ့တာကလည်း အံ့အားသင့်စရာကောင်းပါတယ်။ စူပါကွန်ပျူတာရဲ့ တတိယမြောက်ရေပန်းအစားဆုံးကလည်း ဒီရာသီလာလီဂါမှာ ရုန်းကန်နေရတဲ့ ဘာစီလိုနာဖြစ်နေကာ ၁၂% အခွင့်အရေးရှိတယ်လို့သတ်မှတ်ထားပါတယ်။ လီဗာပူးနဲ့ ချဲလ်ဆီးတို့ဟာ သက်ဆိုင်ရာအုပ်စုတွေမှာ ပထမနေရာကနေ တက်ရောက်လာခဲ့ပေမယ့်လည်း ချန်ပီယံလိဂ်မှာ ဗိုလ်စွဲနိုင်မယ့်အခွင့်အရေးကို ၆% စီ သတ်မှတ်ထားခဲ့ပါတယ်။ ရီးရဲယ်မက်ဒရစ်ကလည်း ၆% ပဲဖြစ်ပြီး အက်သလက်တီကိုက ၅%၊ ဂျူဗင်တပ်၊ ဒေါ့မွန်နဲ့ ပီအက်ဂျီတို့ဟာ ၄ % စီဖြစ်ကြပါတယ်။ လိုက်ပ်ဇစ်ကတော့ ဗိုလ်စွဲနိုင်မယ့်အခွင့်အရေး ၃% သာရှိပြီး အတ္တလန်တာထက် ၁ % ၊ ယူရိုပါလိဂ်လက်ရှိချန်ပီယံ ဆီဗီလာထက် ၂% များနေပါတယ်။ မွန်ချင်ဂလာဘတ်နဲ့ ပေါ်တိုတို့ကိုတော့ အခွင့်အရေးမရှိသလောက်သတ်မှတ်ထားပြီး ၁% အောက်သာပေးခဲ့ပါတယ်။   (SO)






အခြားဆက်စပ်သတင်းများ