နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယနိုင်ငံ၏ ယမကာဆိုင်များတွင် အလုအယက်ဝယ်ယူခဲ့ခြင်းကြောင့် ဖွင့်လှစ်ပြီး နာရီပိုင်းအကြာတွင် ဆိုင်ပြန်ပိတ်ခဲ့ရ

မေ ၅၊ နယူးဒေလီ

မတ်လ ၂၄ ရက်နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်ဖွင့်လှစ်ခဲ့သည့် အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့ရှိ ယမကာဆိုင်များတွင် ဝယ်ယူသူများလွန်း၍ ဖွင့်လှစ်ပြီး နာရီပိုင်းအကြာတွင် ပြန်ပိတ်ခဲ့ရသည်။ ပြီးခဲ့သည့်တနင်္လာနေ့မှ စတင်အကျုံးဝင်လာသည့် စည်းမျဉ်းသစ်တွေအရ သီးခြားဖွင့်လှစ်ထားသည့် ဆိုင်များနှင့် ရုံးခန်းတချို့ကို ပြန်ဖွင့်ခွင့်ပေးခဲ့သည်။ ယစ်မျိုးခွန်မှာ အဓိကဝင်ငွေစီးကြောင်းဖြစ်နေ၍ အိန္ဒိယနိုင်ငံ၏ ပြည်နယ်များက ယမကာဆိုင်များ ပြန်ဖွင့်ခွင့်ရရန် တွန်းအားပေးခဲ့ကြသည်။

သို့သော် ယမကာဆိုင်များရှေ့တွင် တန်းစီစောင့်ဆိုင်းပြီး အလုအယက် ဝယ်ယူသူများပြားလွန်း၍ အဆိုပါမြင်ကွင်းကို ရိုက်ကူးထားသည့် ဗီဒီယိုမှာ ပျံ့နှံ့သွားခဲ့သည်။ တစ်ကြိမ်လျှင် ဆိုင်ထဲသို့ လူ ၅ ဦးသာ ဝင်ခွင့်ရှိပြီး တစ်ဦးနှင့်တစ်ဦး ၆ ပေ ခွာနေရမည်ဟု စည်းမျဉ်းထုတ်ထားသော်လည်း လူကြိတ်ကြိတ် တိုးခဲ့ခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံတောင်ပိုင်း ကာနာတာကာပြည်နယ်တွင်လည်း မနက်တိုင်းနီးပါး ယမကာဆိုင်အပြင်ဘက်တွင် တန်းစီစောင့်ဆိုင်းနေသည့် လူတန်းကြီးကို မြင်ရသည်ဟု ဆိုသည်။     
                                                                            
Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ