နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နှာခေါင်းစည်းဝတ်မထားသူကို ဆိုင်ထဲပေးမဝင်ခဲ့သည့်ဖြစ်ရပ်ကြောင့် စတိုးဆိုင်လုံခြုံရေး ပစ်သတ်ခံရ

မေ ၅၊ ဝါရှင်တန်

နှာခေါင်းစည်း ဝတ်မထားသူကို ဆိုင်ထဲပေးမဝင်သည့်ကိစ္စကြောင့် စတိုးဆိုင်လုံခြုံရေးတစ်ဦး ပစ်သတ်ခံခဲ့ရပြီး အဆိုပါဖြစ်ရပ်အတွက် လင်မယားနှစ်ဦးနှင့် သားဖြစ်သူကို စွဲချက်တင်ထားသည်။ အသက် ၄၃ နှစ်ရှိသည့် လုံခြုံရေးအစောင့်အကြပ် ကယ်ဗင်သည် ပြီးခဲ့သည့်သောကြာနေ့က မစ်ချီဂန်ပြည်နယ်၊ ဖလင့်မြို့ရှိ Family Dollar စတိုးမှာ နောက်စေ့ကို ပစ်ခံခဲ့ရပြီး သေဆုံးခဲ့သည်။ မစ်ချီဂန်ပြည်နယ်မှာ အမေရိကန်နိုင်ငံမှာ COVID-19 ကပ်ရောဂါဒဏ်ကို အဆိုးရွားဆုံး ခံစားနေရသည့် ပြည်နယ်တစ်ခုဖြစ်သည်။

စွဲချက်တင်ခံထားရသူများမှာ လာရီတီဂူး၊ ရှာမယ်တီဂူးနှင့် သားဖြစ်သူ ဘစ်ရှော့တို့ဖြစ်သည်။
ကယ်ဗင်က ရှာမယ်တီဂူး၏သမီးကို နှာခေါင်းစည်းဝတ်မထားပါက ဆိုင်ထဲပေးမဝင်ဟု ပြောခဲ့ပြီးနောက် တိုက်ခိုက်ခံရခြင်းဟု ဆိုသည်။ သမီးဖြစ်သူ ဆိုင်ထဲဝင်ခွင့်မရခြင်းကြောင့် လာရီနှင့် ဘစ်ရှော့တို့ သားအဖနှစ်ဦးက  စတိုးဆိုင်သို့သွားပြီး ကယ်ဗင်ကို တိုက်ခိုက်ခဲ့ခြင်းဟု စွပ်စွဲခံထားရသည်။ ယင်းဖြစ်ရပ်အတွက် ရှာမယ်တီဂူးကို ဖမ်းမိထားသော်လည်း လာရီနှင့်ဘစ်ရှော့တို့ သားအဖမှာ လွတ်မြောက်နေဆဲဖြစ်သည်။ ယင်းတို့သုံးဦးလုံးမှာ ပထမအဆင့် ကြိုတင်စီစဉ်ထားသည့် လူသတ်မှု၊ သေနတ် ကိုင်ဆောင်မှုစွဲချက်များဖြင့် ရင်ဆိုင်နေရသည်။
                                                                                      
Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ