နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လာမည့် ၂၀၂၁ ခုနှစ်ထဲတွင် အသစ်ထွက်ရှိလာမည့် Huawei MatePad

ဒီဇင်ဘာ ၁၄

Huawei က ဈေးကွက်ကိုစိန်ခေါ်နိုင်မည့် ပရီမီယံတက်ဘလက်တစ်မျိုးကို ကြေညာသွားမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် Huawei MatePadသစ်သည် အဆင့်မြင့် features များဖြင့် ထွက်လာမည်ဖြစ်သည်။
Courage Digital မှထွက်ရှိလာသည့်သတင်းတစ်ပုဒ်အရ Huawei P50 series ဖုန်းသစ်များနှင့်အတူတက်ဘလက်သစ်တစ်မျိုးကိုကြေညာသွားမည်ဖြစ်ကြောင်းHuawei MatePadသစ်သည်တက်ဘလက်များအတွက် အထူးဒီဇိုင်းထုတ်ထားသည့်PadOS Harmony Systems ဖြင့်ထွက်ရှိလာမည်ဟုလည်းခန့်မှန်းထားကြသည်။

လာမည့် ၂၀၂၁ ခုနှစ်ထဲတွင်ထွက်ရှိလာမည့်စမတ်ဖုန်းများကိုလည်း HarmonyOS စနစ်အသုံးပြု သွားမည်ဖြစ်သည်။ Huawei MatePadအသစ်တို့သည်အလွန်ပါးလွှာသည့် Bezel ဘောင်များအသုံးပြုထားပြီးကင်မရာအတွက် Cut-out တို့ punch-hole အမျိုးအစားတို့ အသုံးပြုမည်မဟုတ်ပေ။ display သည် OLED screen အမျိုးအစားဖြစ်ပြီး 120Hz refresh rate ပံ့ပိုးပေးသွားမည်ဖြစ်ပြီးscreen size ၁၂ ဒသမ ၉ လက်မရှိကာ ပါးလွှာသည့်သတ္တုကိုယ်ထည်ဖြင့် ထွက်ရှိလာမည် ဖြစ်သည်။ Chipset အနေဖြင့် Huawei Kirin 9000 Series အသုံးပြုလာရန်ခန့်မှန်းထားသည်။ Huawei MatePadသစ်ကိုလာမည့်နှစ် Huawei P50 series များတွင်မိတ်ဆက်သွားမည်ဖြစ်သည်။

(WP)






အခြားဆက်စပ်သတင်းများ