နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Data Analysis ကို အခြေခံကစပြီး စတင်လေ့လာလိုသူများ Phandeeyar တွင် တက်ရောက်သင်ကြားနိုင်ပြီ

ရန်ကုန် ဒီဇင်ဘာ ၁၂

Phandeeyar Institute မှ Data Analysis ကို အခြေခံကစပြီးစတင်လေ့လာလိုသူများ၊ Data Management ကို စိတ်ဝင်စားသူများ အနေဖြင့် Data နှင့်ပတ်သက်ပြီး လုပ်ကိုင်နေသူများအတွက် ရည်ရွယ်ပြီး Microsoft Power BI Course Batach 10 ကို ဒီဇင်ဘာလထဲတွင် ထပ်မံဖွင့်လှစ်လိုက်ပြီဖြစ်သည်။

Data ကို အသုံးပြုပြီး မိမိတို့ ကုမ္ပဏီ၏စျေးကွက်မြှင့်တင်ရေးကို ဖော်ဆောင်နေကြသည့်ယနေ့ခေတ်တွင် Data များကို ကောင်းမွန်စွာ စီမံခန့်ခွဲတတ်ခြင်းသည် နယ်ပယ်အသီးသီးတွင် လုပ်ကိုင်နေသည့် Professionals တိုင်းအတွက် လိုအပ်သည့်အချက်တစ်ချက် ဖြစ်သည်။ စီးပွားရေးကုမ္ပဏီများသည်လည်း Data ကိုကောင်းစွာကစားပြီး analysis လုပ်တတ်သူများကို နေရာပိုပေးလာကြသည်။ Data များကို ခွဲခြမ်းစိတ်ဖြာ Analyze လုပ်သည့်နေရာတွင်လည်း Data များကို manage လုပ်ခြင်း၊ နံပါတ်များ၊ ပုံများနှင့် ပုံမှန်အတိုင်း ပြသရုံမျှမဟုတ်ဘဲ ပိုပြီးလေးနက်သည့်နည်းလမ်းများကို အသုံးပြုပြီး မိမိတို့ကုမ္ပဏီ၏ စျေးကွက်မြှင့်တင်ရေးအတွက် ဆုံးဖြတ်ချက်ချသည့်နေရာအထိပါ အရေးပါသည့်အတွက် Business Intelligence အရည်အသွေးပြည့်မီသည့် Data Analysis တစ်ယောက်ဖြစ်ရန် အရေးကြီးသည်။

Data Analysis ကိုအသုံးပြုပြီး Business Intelligence အပိုင်းကို ကျွမ်းကျင်လာရန်အတွက် သေချာဒီဇိုင်းဆွဲထားသည့် အဆိုပါ သင်တန်းသည် လက်ရှိတွင် Business Analysis အနေဖြင့် လုပ်ကိုင်နေသူများ၊ Digital Marketing နယ်ပယ်တွင် လုပ်ကိုင်နေသူများ၊ Research Firm များတွင် လုပ်ကိုင်နေသူများ၊ Data Entry နှင့် Data Analysis ကို စိတ်၀င်စားသူများအတွက် အထူးသင့်လျော်သည့် သင်တန်းတစ်ခုဖြစ်သည်။ အဆိုပါသင်တန်းကို ဒီဇင်ဘာ ၁၉ ရက်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး အပတ်စဉ် စနေ၊တနင်္ဂနွေနေ့များတွင် နံနက် ၉ နာရီခွဲ အချိန်မှ မွန်းလွဲ ၁၂ နာရီခွဲ အချိန်ထိ ၁ လကြာ သင်ကြာပေးသွားမည်ဖြစ်သည်။ အဆိုပါသင်တန်းသို့ တက်ရောက်လိုသူများအနေဖြင့် ဖော်ပြပါလင့်ခ် -https://bit.ly/3fjifwt စာရင်းပေးသွင်းနိုင်ပြီဖြစ်သည်။ သင်တန်ကြေးအနေဖြင့် ၂၅၀၀၀၀ ကျပ် ကျသင့်မည်ဖြစ်သည်။ အဆိုပါ သင်တန်းအတွက် သင်တန်းသားဦးရေ ကန့်သတ်ထားပြီး သင်တန်းနှင့်ပတ်သက်သည်များကိုသိရှိလိုပါက Phandeeyar Institute Website ဖြစ်သည့် ဖော်ပြပါလင့်ခ်( https://www.phandeeyar.institute/.../data-analysis...) တွင် ဝင်ရောက်လေ့လာနိုင်ပြီဖြစ်သည်။

(WP)






အခြားဆက်စပ်သတင်းများ