နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးနည်းပြဆုကို စပါးအသင်းနည်းပြ မော်ရင်ဟိုရရှိ

ဒီဇင်ဘာ  ၁၂

စပါးအသင်းနည်းပြ မော်ရင်ဟိုသည် ပြီးခဲ့သည့် နိုဝင်ဘာလအတွက် တစ်လတာ အကောင်းဆုံး နည်းပြဆု ကိုရရှိခဲ့ကြောင်းသိရသည်။

မော်ရင်ဟိုသည် နိုဝင်ဘာလအကောင်းဆုံးနည်းပြဆုအတွက် ချဲလ်ဆီးအသင်းနည်းပြ လမ်းပတ်၊ ဝက်စ်ဟမ်းအသင်းနည်းပြ ဒေးဗစ်မိုယက်စ်နှင့် မန်ယူအသင်းနည်းပြ ဆိုးလ်ရှားတို့ကို ကျော်ဖြတ်ကာ ရရှိခဲ့ခြင်း ဖြစ်သည်။

နည်းပြ မော်ရင်ဟိုတာဝန်ယူနေသည့် စပါးအသင်းသည် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းပရီးမီးယားလိဂ် ပွဲစဉ်လေးပွဲကစားခဲ့ပြီးသုံးပွဲအနိုင်ရရှိကာ တစ်ပွဲသရေရလဒ်ရရှိခဲ့ပြီး လက်ရှိတွင်လည်းအမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်သည်။

“တစ်လတာအကောင်းဆုံးနည်းပြဆုအတွက် တာဝန်ရှိသူတွေကိုကျေးဇူးတင်ပါတယ်။ ဒီဆုကိုတစ်လတာ အကောင်းဆုံး နည်းပြဆုလို့ ခေါ်ကြပါတယ်။ ကျွန်တော်ကတော့ ဒီဆုကိုတစ်လတာအကောင်းဆုံးအသင်းဆုဒါမှ မဟုတ် တစ်လတာအ ကောင်းဆုံးဝန်ထမ်းဆုလို့ သတ်မှတ်ပါတယ်။ ဘာလို့လဲဆိုတော့ ရလဒ်ကောင်း တွေရဖို့အတွက် အသင်းမှာရှိတဲ့ ကစားသမားတွေနဲ့ ဝန်ထမ်းတွေအားလုံးပူးပေါင်းလက်တွဲဆောင်ရွက်ခဲ့ကြလို့ပါ။ သူတို့တွေအားလုံးမကြိုးစားခဲ့ဘူးဆိုရင် ကျွန်တော် ဒီဆုကိုမရနိုင်ပါဘူး”ဟုနည်းပြ မော်ရင်ဟိုကပြောကြားခဲ့သည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ