နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဆင်နယ် နည်းပြ အာတီတာကမန်စီးတီးကစားသမားဂါစီယာကိုခေါ်ယူရန် ပြင်ဆင်

 ဒီဇင်ဘာ    ၁၁


အာဆင်နယ်အသင်းနည်းပြ အာတီတာကအသင်း၏ ခံစစ်ပိုင်းပြင်ဆင်ရန်အတွက် မန်စီးတီးအသင်းခံစစ် ကစားသမားဂါစီယာကိုခေါ်ယူရန် ပြင်ဆင်နေကြောင်းသိရသည်။

အာဆင်နယ်အသင်းနည်းပြ အာတီတာကမန်စီးတီးအသင်းတွင် လက်ထောက်နည်းပြအဖြစ် တာဝန် ထမ်းဆောင်ခဲ့စဉ်ကဂါစီယာနှင့် လက်တွဲအလုပ်လုပ်ခဲ့ဖူးပြီးအသင်းခံစစ်ပိုင်းအတွက် ယင်းကိုခေါ်ယူရန် ပြင်ဆင်နေခြင်းဖြစ်သည်။

သို့သော် ဂါစီယာကို ဘာစီလိုနာအသင်းကပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလကတည်းကခေါ်ယူရန် ကြိုးစားခဲ့ရာ ယင်းကလည်းဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ရန် ဆန္ဒရှိနေခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းကလည်း ဂါစီယာကိုခေါ်ယူရန် စီစဉ်နေသည့်အတွက် အာဆင်နယ်အသင်းအနေဖြင့် ဘာစီလိုနာအသင်းနှင့်အပြိုင် ကမ်းလှမ်းရဖွယ်ရှိနေသည်။

မန်စီးတီးအသင်းကခံစစ်ကစားသမားဂါစီယာကို အသင်းတွင် ဆက်လက်ထိန်းသိမ်းသွားရန် ဆန္ဒရှိနေပြီး စာချုပ်သစ်ကမ်းလှမ်းမှုပြုလုပ်ခဲ့သော်လည်း ယင်းကငြင်းပယ်ထားသည့်အတွက် မန်စီးတီးအသင်းအနေဖြင့် စာချုပ်သက်တမ်း မကုန်ဆုံးမီရောင်းချသွားရန်ရှိကြောင်းသိရသည်။                                                       

(သူရိန်)






အခြားဆက်စပ်သတင်းများ